
ချန်ပီယံရှစ်ကလပ်ဝီဂန်ဟာကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များကိုလေးကြိမ်မြောက်အဖြစ်လုပ်ခပေးရန်ပျက်ကွက်မှုကြောင့်၃မှတ်လျှော့ချခြင်းခံလာရပါတယ်။
ချန်ပီယံရှစ်ကလပ်ဟာတန်းမဆင်းရရေးအတွက်တိုက်ပွဲဝင်နေရတဲ့အသင်းဖြစ်ပြီးကွင်းပြင်ပတွင်လည်းဘဏ္ဍာရေးပြဿနာများနှင့်ကြုံတွေ့နေရပါတယ်။
ယခုအခါ EFL ဟာကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များကိုလုပ်ခပေးချေနိုင်ခြင်းမရှိမှုအတွက်ဝီဂန်ကိုရမှတ်၃မှတ်လျှော့ချလာပါတယ်။
ဝီဂန်ဟာရမှတ်၃မှတ်လျှောချခံလာရမှုကြောင့်ချန်ပီယံရှစ်အမှတ်ပေးဇယားအောက်ဆုံးတွင်ရမှတ်၃၁မှတ်ဖြင့်ရပ်တည်လာပြီးတန်းဆင်းဇုန်အပြင်မှအ သင်းနှင့်ရမှတ်၈မှတ်ကွာဟလာပါတယ်။
ဒါ့အပြင်EFL ဟာကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များကိုလုပ်ခပေးရန်ပျက်ကွက်မှုအတွက်ဝီဂန်အသင်းပိုင်ရှင်ကိုလည်းစွဲချက်တင်လာပါတယ်။
ဝီဂန်ဟာနောက်ဆုံးကစားထားတဲ့၁၀ပွဲတည်းတွင်၁ပွဲတည်းသာအနိုင်ရထားတဲ့အသင်းဖြစ်ပြီးတန်းမဆင်းရရေးအတွက်နောက်ဆုံး၈ပွဲတွင်အပြင်းအ ထန်တိုက်ပွဲဝင်လာရတော့မှာဖြစ်ပါတယ်။
ZawGyi
ကစားသမားများနှင့် နည်းပြများကို လေးကြိမ်မြောက် လုပ်ခပေးရန် ပျက်ကွယ်မှုကြောင့် ဝီဂန် ၃ မှတ်လျှော့ခံရ