တူနဲ့အထုခံရဖို့ နောက် ထပ်အလှည့်ကျတဲ့ဧည့်သည်က

တနင်္လာည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၁၃ ပွဲကြိုသုံးသပ်ချက်

၀က်စ်ဟမ်း နှင့် ဘုန်းမောက်(ည ၁း၃၀)စိုင်းကိုတောင်ကြီး

ပြီးခဲ့တဲ့ကြားရက်ထဲကအန်ဖီးလ်မှာဘို၀င်ပင်နယ်တီမ၀င်တာကဟမ်းမားတွေအတွက်ရင်ခံစရာဖြစ်သွားတယ်။ဒါပေမဲ့မိုယက်စ်ရဲ့အသင်းဟာပြိုင်ပွဲစုံနောက်ဆုံးအိမ်ကွင်း ၄ ပွဲဆက်အနိုင်နဲ့ အရှိန်ပြန်ရနေတာပါ။ဘုန်းမောက်ကတော့ကြားရက်ထဲမှာစိန့်တွေကိုဒူးထောက်ခဲ့ရလို့ ယာယီနည်းပြဂယ်ရီအိုနေးလ်လက်ထက် ရှုံးပွဲမရှိမှုအဆုံးသတ်သွားပါတယ်။

ဒီရာသီဘုန်းမောက်ပေးခဲ့ရတဲ့ ၂၃ ဂိုးမှာ ၁၈ ဂိုးကအဝေးကွင်းမှာဖြစ်လို့ လန်ဒန်မှာသူတို့အတွက်အခြေအနေမကောင်းနိုင်ပါဘူး။တူနဲ့အထုခံရဖို့ နောက် ထပ်အလှည့်ကျတဲ့ဧည့်သည်ကတန်းတက်တစ်သင်းပါ။

zawgyi

တူနဲ့အထုခံရဖို့ ဒီတစ်ခါအလှည့်ကျတဲ့ဧည့်သည်က



