ဝေးလ်သူရဲကောင်းတွေကတော့ အနိုင်မခံ အရှုံးပေးမှာ မဟုတ်

တနင်္လာည ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်

အမေရိကန် နှင့် ဝေးလ်(ည ၁း၃၀)(မော်ကွန်း)

၁၉၉၀ ကတည်းက ကမ္ဘာ့ဖလားမှာ အကြိမ်တိုင်းပါခဲ့ရတဲ့အမေရိကန်ဟာ သူတို့မပါနိုင်ခဲ့တာဆိုလို့ ပြီးခဲ့တဲ့ရုရှားကမ္ဘာ့ဖလားတစ်ကြိမ်ပဲ ရှိခဲ့တာပါ။တစ်ခုရှိတာက အမေရိကန်ဟာ နောက်ပိုင်းနှစ်တွေအတွင်းမှာ သူတို့အိမ်ကွင်းမဟုတ်ရင် ရလဒ်တွေက အတော်နိမ့်ပါတယ်။သူတို့အတွက် အဓိကအားကိုးနေရတဲ့ ပူလီဆစ်ကလည်း ဒီရာသီချဲလ်ဆီးမှာ ရုန်းကန်ခဲ့ရတာပါ။

ဝေးလ်ကတော့ ၁၉၅၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားမှာ ဝင်ပြိုင်ခွင့်ရတာ ဖြစ်တယ်။ဒီနှစ်ထဲက နေးရှင်းလိဂ်မှာ သူတို့အခြေအနေမကောင်းခဲ့တာ မှန်ပေမယ့် အဲဒီက အဝေးကွင်းပွဲတွေမှာ ဘေးလ်တို့ရဲ့တိုက်စစ်ဟာ နယ်သာလန်နဲ့ဘယ်လ်ဂျီယံတို့ကိုတောင် ဂိုးပြန်သွင်းနိုင်ခဲ့တာပါ။

သူတို့အတွက် ကြုံတောင့်ကြုံခဲကမ္ဘာ့ဖလားဖြစ်လို့ ဝေးလ်ဘက်က အစွမ်းကုန်အားထုတ်လာဖို့ ရှိပါတယ်။ဝေးလ်သူရဲကောင်းတွေကတော့ အနိုင်မခံ အရှုံးပေးမှာ မဟုတ်ပါဘူး။

zawgyi

တနလၤာည ၂၀၂၂ ကမာၻ႔ဖလား အုပ္စုအဆင့္ ပြဲႀကိဳသုံးသပ္ခ်က္

အေမရိကန္ ႏွင့္ ေဝးလ္(ည ၁း၃၀)(ေမာ္ကြန္း)

၁၉၉၀ ကတည္းက ကမာၻ႔ဖလားမွာ အႀကိမ္တိုင္းပါခဲ့ရတဲ့ အေမရိကန္ဟာ သူတို႔မပါႏိုင္ခဲ့တာဆိုလို႔ ၿပီးခဲ့တဲ့႐ုရွားကမာၻ႔ဖလားတစ္ႀကိမ္ပဲ ရွိခဲ့တာပါ။တစ္ခုရွိတာက အေမရိကန္ဟာ ေနာက္ပိုင္းႏွစ္ေတြအတြင္းမွာ သူတို႔အိမ္ကြင္းမဟုတ္ရင္ ရလဒ္ေတြက အေတာ္နိမ့္ပါတယ္။သူတို႔အတြက္ အဓိကအားကိုးေနရတဲ့ ပူလီဆစ္ကလည္း ဒီရာသီခ်ဲလ္ဆီးမွာ ႐ုန္းကန္ခဲ့ရတာပါ။ေ

ဝးလ္ကေတာ့ ၁၉၅၈ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ကမာၻ႔ဖလားမွာ ဝင္ၿပိဳင္ခြင့္ရတာ ျဖစ္တယ္။ဒီႏွစ္ထဲက ေနးရွင္းလိဂ္မွာ သူတို႔အေျခအေနမေကာင္းခဲ့တာ မွန္ေပမယ့္ အဲဒီက အေဝးကြင္းပြဲေတြမွာ ေဘးလ္တို႔ရဲ႕တိုက္စစ္ဟာ နယ္သာလန္နဲ႔ဘယ္လ္ဂ်ီယံတို႔ကိုေတာင္ ဂိုးျပန္သြင္းႏိုင္ခဲ့တာပါ။

သူတို႔အတြက္ ႀကဳံေတာင့္ႀကဳံခဲကမာၻ႔ဖလားျဖစ္လို႔ ေဝးလ္ဘက္က အစြမ္းကုန္အားထုတ္လာဖို႔ ရွိပါတယ္။ေဝးလ္သူရဲေကာင္းေတြကေတာ့ အႏိုင္မခံ အရႈံးေပးမွာ မဟုတ္ပါဘူး။