
သောကြာည ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်
အင်္ဂလန် နှင့် အမေရိကန်(ည ၁း၃၀)(မော်ကွန်း)
အီရန်နဲ့အုပ်စုအဖွင့်ကအင်္ဂလန်တိုက်စစ်ကတော့တကယ့်ကိုကြောက်စရာကောင်းခဲ့ပါတယ်။လက်ရှိဆောက်ဂိတ်ရဲ့အသင်းမှာပြောစရာဆိုလို့ခံစစ်တစ်ခုပဲရှိတာပါ။အမေရိကန်ကတော့ဝေးလ်နဲ့အုပ်စုအဖွင့်မှာပထမပိုင်းတာထွက်ကောင်းခဲ့ပေမယ့်ဒုတိယပိုင်းမှာကစားပုံသိသိသာသာကျဆင်းသွားပါတယ်။
ဒါ့အပြင်အမေရိကန်နဲ့ပတ်သက်ပြီးအားမရစရာကတိုက်စစ်ပိုင်းပါ။အင်္ဂလန်ကတော့အမေရိကန်နဲ့ နောက်ဆုံးတွေ့ဆုံမှု၁၁ပွဲမှာ၈ပွဲအနိုင်ရထားပါတယ်။နောက်ပိုင်းနှစ်တွေကပြိုင်ပွဲကြီးတွေမှာအနည်းဆုံးဆီမီးရောက်ခဲ့တဲ့အင်္ဂလန်တိုက်စစ်ကိုအမေရိကန်တောင့်ခံနိုင်မှာမဟုတ်ပါဘူး။အင်္ဂလန်ဘင်သံက တော့ကျယ်လောင်ဦးမှာပါ။
zawgyi
ညံနေဦးမယ့် အင်္ဂလန်ဘင်သံ