အိမ်ရှင်ဂိုးပြတ်၊ မပြတ်သာကြည့်ရမယ်

ကြာသပတေးည ပြင်သစ်လီဂူးပွဲစဉ်-၁၆ ပွဲကြိုသုံးသပ်ချက်

မာဆေး နှင့် တူးလော့စ်(ည ၂း၃၀)(စူပါဇေ)

အဆင့် ၄ နေရာကမာဆေးဟာအောက်တိုဘာကတည်းကရလဒ်မတည်ငြိမ်ခဲ့ပေမယ့်ကမ္ဘာ့ဖလားကြားဖြတ်မတိုင်ခင်နောက်ဆုံး ၂ ပွဲဆက်နိုင်ထားတယ်။ အဆင့် ၁၂ နေရာကတူးလော့စ်ကတော့ နောက်ဆုံး ၃ ပွဲဆက်ရှုံးထားသလို ဒီရာသီမှာ အဝေးကွင်းလည်း ညံ့တဲ့အသင်းပါ။

တူးလော့စ်ရဲ့နောက်ဆုံးလီဂူးအဝေးကွင်း ၆ ပွဲစလုံးမှာနိုင်ပွဲမရှိခဲ့ဘဲ ၅ ပွဲရှုံးထားပါတယ်။ဆန်းချက်ဇ်တို့ ဂိုးပြတ်၊ မပြတ်သာ ကြည့်ရမယ်။

zawgyi




