
တနင်္ဂနွေအတွက် စိုင်းကို(တောင်ကြီး)ရဲ့အပိုင်တစ်ပွဲ
PlayMaker Journal မှာ တနင်္ဂနွေအတွက် စဉ်းစားထားတဲ့ အပိုင်တစ်ပွဲကတော့ စီးရီးအေပွဲတွေထဲက ည ၈း၃၀ ကစားမယ့် တိုရီနိုနဲ့နာပိုလီတို့ရဲ့ပွဲပါ။ ဇယားထိပ်ဆုံးအသင်းကို ဧည့်မခံရခင် တိုရီနိုဟာ စီးရီးအေမှာ နောက်ဆုံး ၂ ပွဲဆက်နိုင်ထားပါတယ်။ လက်ချီနဲ့ဘိုလော့ဂ်နာတို့ကို ပေးဂိုးမရှိနိုင်ထားတာပါ။ တိုရီနိုဟာ နောက်ဆုံးစီးရီးအေအိမ်ကွင်း ၇ ပွဲမှာလည်း ၁ ပွဲသာ ရှုံးထားသေးတယ်။ အဲဒီအိမ်ကွင်း ၇ ပွဲမှာ သူတို့ ၁ ဂိုးထက်ပိုပေးရတာဆိုလို့လည်း ၁ ပွဲသာ ရှိခဲ့တာပါ။ တစ်နည်းအားဖြင့် အိမ်ကွင်းခံစစ်ကျစ်တဲ့တိုရီနိုဟာ ထင်သလောက်မလွယ်တဲ့အသင်းမျိုး ဖြစ်ပါတယ်။
၁၈ မှတ်ဖြတ်ဦးဆောင်နေတာဆိုတော့ နာပိုလီအတွက်က စီးရီးအေမှာ စိတ်ကြိုက်လုပ်လို့ရတဲ့အနေအထားမှာပါ။ ၁၉၉၀ နောက်ပိုင်း စီးရီးအေမှာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်စွဲတော့မယ့် စပယ်လက်တီရဲ့အသင်းဟာ အခုချိန်ထိလည်း မရပ်သေးပါဘူး။ ဒါပေမဲ့ အိုဆင်ဟမ်တို့ တိုက်စစ်က ၂၀၂၃ အစပိုင်းတုန်းကလို ဂိုးသွင်းမကြမ်းတော့ပါဘူး။ နောက်ပိုင်းစီးရီးအေပွဲတွေမှာ ၂-၀ ရလဒ်တွေပဲ ကန်တော့သလားတောင် ထင်ရပါတယ်။ အဲဒါကြောင့်လည်း သူတို့ရဲ့နောက်ဆုံးစီးရီးအေ ၄ ပွဲစလုံးက ၂ ဂိုးအောက်တွေချည်းဖြစ်ခဲ့တာပါ။ တစ်ဖက်မှာလည်း သူတို့ခံစစ်ကို တော်ရုံဖောက်လို့မရဘူးဆိုတဲ့ပုံစံမျိုးပြထားတယ်။
တိုရီနိုကလည်း တစ်ရာသီလုံးမှာမှ အိမ်ကွင်းမှာ ၁၁ ဂိုးပဲ သွင်းနိုင်သေးတယ်။ အဲဒီထဲမှာ တစ်ဂိုးထက်ပိုသွင်းနိုင်တာဆိုလို့ ၃ ပွဲသာ ရှိခဲ့တာပါ။ ဒါကြောင့် လက်ရှိနာပိုလီခံစစ်ကို သူတို့ကျော်ဖြတ်နိုင်မယ့်အလားအလားတော့ မရှိပါဘူး။ နာပိုလီကလည်း နောက်ဆုံးစီးရီးအေ ၂၂ ပွဲမှာ ပွဲ ၂၀ နိုင်ခဲ့ပေမယ့် တူရင်မှာ အလွတ်တကူအနိုင်ရဖို့ မရှိတာပါ။ တိုရီနိုကွင်းလာကစားတဲ့နောက်ဆုံး ၃ ကြိမ်စလုံးမှာ ၀-၀၊ ၀-၁၊ ၀-၂ ရလဒ်တွေပဲ ထွက်ခဲ့ပါတယ်။ အခုလည်း တိုရီနိုက ဒီရာသီစီးရီးအေချန်ပီယံလောင်းအသင်းကို ခံစစ်ပိတ်ဗျူဟာနဲ့ပဲ ရင်ဆိုင်လာဖို့ရှိတာပါ။ ဘော်ဒီစျေး ၁+၇၀၊ ဂိုးပေါင်းစျေး ၂-၄၀ မှာ ဂိုးအောက်က ပိုသေချာနိုင်ပါတယ်။ တနင်္ဂနွေအတွက် တစ်ကွက်ကောင်းက တိုရီနိုဂိုးအောက်လို့ လက်တို့ပါရစေ။
zawgyi
တနဂၤေႏြအတြက္ စိုင္းကို(ေတာင္ႀကီး)ရဲ႕အပိုင္တစ္ပြဲ
PlayMaker Journal မွာ တနဂၤေႏြအတြက္ စဥ္းစားထားတဲ့ အပိုင္တစ္ပြဲကေတာ့ စီးရီးေအပြဲေတြထဲက ည ၈း၃၀ ကစားမယ့္ တိုရီႏိုနဲ႔နာပိုလီတို႔ရဲ႕ပြဲပါ။ ဇယားထိပ္ဆုံးအသင္းကို ဧည့္မခံရခင္ တိုရီႏိုဟာ စီးရီးေအမွာ ေနာက္ဆုံး ၂ ပြဲဆက္ႏိုင္ထားပါတယ္။ လက္ခ်ီနဲ႔ဘိုေလာ့ဂ္နာတို႔ကို ေပးဂိုးမရွိႏိုင္ထားတာပါ။ တိုရီႏိုဟာ ေနာက္ဆုံးစီးရီးေအအိမ္ကြင္း ၇ ပြဲမွာလည္း ၁ ပြဲသာ ရႈံးထားေသးတယ္။ အဲဒီအိမ္ကြင္း ၇ ပြဲမွာ သူတို႔ ၁ ဂိုးထက္ပိုေပးရတာဆိုလို႔လည္း ၁ ပြဲသာ ရွိခဲ့တာပါ။ တစ္နည္းအားျဖင့္ အိမ္ကြင္းခံစစ္က်စ္တဲ့တိုရီႏိုဟာ ထင္သေလာက္မလြယ္တဲ့အသင္းမ်ိဳး ျဖစ္ပါတယ္။
၁၈ မွတ္ျဖတ္ဦးေဆာင္ေနတာဆိုေတာ့ နာပိုလီအတြက္က စီးရီးေအမွာ စိတ္ႀကိဳက္လုပ္လို႔ရတဲ့အေနအထားမွာပါ။ ၁၉၉၀ ေနာက္ပိုင္း စီးရီးေအမွာ ပထမဆုံးအႀကိမ္အျဖစ္ ဗိုလ္စြဲေတာ့မယ့္ စပယ္လက္တီရဲ႕အသင္းဟာ အခုခ်ိန္ထိလည္း မရပ္ေသးပါဘူး။ ဒါေပမဲ့ အိုဆင္ဟမ္တို႔ တိုက္စစ္က ၂၀၂၃ အစပိုင္းတုန္းကလို ဂိုးသြင္းမၾကမ္းေတာ့ပါဘူး။ ေနာက္ပိုင္းစီးရီးေအပြဲေတြမွာ ၂-၀ ရလဒ္ေတြပဲ ကန္ေတာ့သလားေတာင္ ထင္ရပါတယ္။ အဲဒါေၾကာင့္လည္း သူတို႔ရဲ႕ေနာက္ဆုံးစီးရီးေအ ၄ ပြဲစလုံးက ၂ ဂိုးေအာက္ေတြခ်ည္းျဖစ္ခဲ့တာပါ။ တစ္ဖက္မွာလည္း သူတို႔ခံစစ္ကို ေတာ္႐ုံေဖာက္လို႔မရဘူးဆိုတဲ့ပုံစံမ်ိဳးျပထားတယ္။
တိုရီႏိုကလည္း တစ္ရာသီလုံးမွာမွ အိမ္ကြင္းမွာ ၁၁ ဂိုးပဲ သြင္းႏိုင္ေသးတယ္။ အဲဒီထဲမွာ တစ္ဂိုးထက္ပိုသြင္းႏိုင္တာဆိုလို႔ ၃ ပြဲသာ ရွိခဲ့တာပါ။ ဒါေၾကာင့္ လက္ရွိနာပိုလီခံစစ္ကို သူတို႔ေက်ာ္ျဖတ္ႏိုင္မယ့္အလားအလားေတာ့ မရွိပါဘူး။ နာပိုလီကလည္း ေနာက္ဆုံးစီးရီးေအ ၂၂ ပြဲမွာ ပြဲ ၂၀ ႏိုင္ခဲ့ေပမယ့္ တူရင္မွာ အလြတ္တကူအႏိုင္ရဖို႔ မရွိတာပါ။ တိုရီႏိုကြင္းလာကစားတဲ့ေနာက္ဆုံး ၃ ႀကိမ္စလုံးမွာ ၀-၀၊ ၀-၁၊ ၀-၂ ရလဒ္ေတြပဲ ထြက္ခဲ့ပါတယ္။ အခုလည္း တိုရီႏိုက ဒီရာသီစီးရီးေအခ်န္ပီယံေလာင္းအသင္းကို ခံစစ္ပိတ္ဗ်ဴဟာနဲ႔ပဲ ရင္ဆိုင္လာဖို႔ရွိတာပါ။ ေဘာ္ဒီေစ်း ၁+၇၀၊ ဂိုးေပါင္းေစ်း ၂-၄၀ မွာ ဂိုးေအာက္က ပိုေသခ်ာႏိုင္ပါတယ္။ တနဂၤေႏြအတြက္ တစ္ကြက္ေကာင္းက တိုရီႏိုဂိုးေအာက္လို႔ လက္တို႔ပါရေစ။