
BCF(5)✓
စိတ်ကူးများနှင့်ထပ်တူမကျအောင်ပြုစားတတ်လွန်းသောကလပ်အသင်းများ၏ အမှတ်ပေးပြိုင်ပွဲများဆီသို့။
သုံးသပ်ရေးသားသူ(သီရိရှင်းသန့်)
BCF(5)Fiorentina Corner(-100,9-100) Vs Inter Milan Corner
ဘော်ဒီနှင့်ဂိုးပေါင်းဈေးကွက်(-65,3-70)ဖြင့်ခင်းကျင်းထားသည့်ဧည့်သည်အင်တာမီလန်အပေါ် ဖီအိုရင်တီးနားအသင်း၏ကော်နာအလေးပေးမှု့ဟာမဖြစ်သင့်သောအခြေအနေတစ်ရပ်ပါ။ယေဘုယျအားဖြင့် တွက်ချက်ရင်တော့ဘောနိုင်နေသောအသင်း၊ရဂိုးခပ်စောစောဖြစ်တည်ထားသောအသင်းများဟာကော်နာဈေးကွက်မှာတော့ရုန်းကန်ရလေ့ရှိကြောင်းစာရေးသူအနေဖြင့်တင်ပြရပါလိမ့်မည်။
လက်ရှိအီတလီစီးရီးအေရပ်ဝန်းမှာတော့တိုက်စစ်လည်းအားကောင်းနေသလို၊ပြိုင်ဘက်အသင်းများအပေါ်ကော်နာရလာဒ်အလွှမ်းမိုးနိုင်ဆုံးအသင်း (၂)သင်းဟာအင်တာနှင့်ဆလာနီတာနာပါ။ရလာဒ်ပိုင်းအရကောင်းမွန်နေသည့် နာပိုလီ၊ရိုးမား၊ဂျူဗင်တပ်နှင့်အေစီမီလန်တို့တောင် အဆိုပါ(၂)သင်းလောက်ပြိုင်ဘက်အပေါ် ကော်နာရလာဒ်မစိုးမိုးခဲ့ကြောင်းဝါသနာရှင်များလည်းအမှတ်ရနေပါလိမ့်မည်။
တိုက်စစ်မှူးဗယ်လာဟိုဗစ်အားဂျူဗင်တပ်အသင်းသို့ရောင်းထုတ်ပြီးသည့်နောက်ပိုင်းမှာတော့ဖီအိုရင်တီးနားအသင်း၏ကစားဟန်ဟာတိုက်စစ်ပိုင်းမှာတော့အတော်လေးကိုရုန်းကန်နေရကြောင်းသတ်မှတ်နိုင်ပါသည်။အိမ်ကွင်း၊အဝေးကွင်းနယ်မရွေးသည့်အင်တာမီလန်အသင်းဟာမည်သည့်ပြိုင်ဘက်မျိုးကိုမဆိုတိုက်စစ်ဖြင့်သာချည်းကပ်လေ့ရှိကြောင်းဘွတ်မိတ်ကာလည်းအတတ်သိနေပါလိမ့်မည်။
အဆိုပါအခြေအနေများထဲမှာမှဘော်ဒီဈေးကွက်အကျောပေးထားသောအင်တာမီလန်အပေါ် အိမ်ရှင်အသင်း၏ကော်နာဈေးကွက်ဖွင့်လှစ်မှု့ဟာအမှန် အကန်ကိုရင့်သီးလွန်းနေတာမို့” Fiorentina Corner Body(-100) ” အားယူနစ်(၁၀၀၀)ဝန်းကျင်ဖြင့် ရင်းနှီးမြှုပ်နှံသင့်ပါကြောင်းညွှန်းပေးခဲ့ချင်ပါ သည်။