ယူနိုက်တက်ပိုင်ရှင်လောင်းဆာဂျမ်ရက်ကလစ်ဖ်နှင့်တွေ့ဆုံခဲ့တဲတန်ဟက်

အဲရစ်တန်ဟက်ဟာကာရင်တန်လေ့ကျင့်ရေးကွင်းသို့လာရောက်လည်ပတ်တဲ့ယူနိုက်တက်ပိုင်ရှင်လောင်းဆာဂျမ်ရက်ကလစ်ဖ်နှင့်တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ယူနိုက်တက်ကိုဝယ်ယူရေးကမ်းလှမ်းထားကြသူများဟာပြီးခဲ့တဲ့ရက်များအတွင်းတွင်အိုးထရက်ဖို့ဒ်နှင့်ကာရန်တန်လေ့ကျင့်ရေးကွင်းသို့လာရောက်လည်ပတ်မှုများပြုလုပ်ခဲ့ကြပါတယ်။

ကာတာစီးပွားရေးလုပ်ငန်းရှင်ရှိတ်ဂျက်ဆမ်ဘင်ဟာမက်အယ်သာနီဟာလည်းကြာသပတေးနေ့တုန်းကကာရင်တန်လေ့ကျင့်ရေးကွင်းသို့လာရောက်လည်ပတ်ခဲ့ပြီးကလပ်မှတာဝန်ရှိသူများနှင့်ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။သောကြာနေ့တွင်လည်းဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင်ရက်ကလစ်ဖ်ဟာကာရင်တန်လေ့ကျင့်ရေးကွင်းသို့လာရောက်လည်ပတ်ခဲ့ပါတယ်။

ထူးခြားတာကတော့ရက်ကလစ်ဖ်ဟာကာရင်တန်လေ့ကျင့်ရေးကွင်းသို့ရောက်နေစဉ်အတွင်းယူနိုက်တက်နည်းပြအဲရစ်တန်ဟက်နှင့်ပါတွေ့ဆုံစကား ပြောခဲ့ပါတယ်။

အဲရစ်တန်ဟက်က”သူတို့နဲ့ခုပဲတွေ့ခဲ့တာ။လက်ဆွဲနှုတ်ဆက်ခဲ့တ်။ကျွန်တော်ကပွဲအပေါ်မှာပဲအာရုံစိုက်နေတယ်။တနင်္ဂနွေနေ့မှာပွဲကြီးတစ်ပွဲကစားရမယ်။ ကျွန်တော်တို့အားလုံးဒီအပေါ်မှာအာရုံစိုက်တယ်။ကလပ်မှာရှိတဲ့အခြားသူတွေကအရောင်းအဝယ်ကိစ္စလုပ်ကြပါလိမ့်မယ်။အခုကျွန်တော့်အလုပ်ကပွဲအ ပေါ်မှာအာရုံစိုက်ဖို့ပါ။ပွဲအကြောင်းပဲပြောကြစို့။ဒီပွဲကပွဲကြီးပါ။ကျွန်တော်လည်းဒီပွဲအတွက်အသင့်ဖြစ်နေပါပြီ”လို့ပြောကြားသွားပါတယ်။

ခါရာဘောင်ဖလားချန်ပီယံယူနိုက်တက်ဟာတနင်္ဂနွေနေ့တွင်အိုးထရက်ဖို့ဒ်ကွင်းမှာအက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲအဖြစ်ဖူလ်ဟမ်ကိုဧည့်ခံကစားရပါမယ်။

ယူနိုက်တက်ဟာယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်သို့လည်းတက်ရောက်ထားပြီးဆီဗီလာနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ယူႏိုက္တက္ကို ဝယ္ယူေရး ကမ္းလွမ္းထားတဲ့ ဆာဂ်မ္ရက္ကလစ္ဖ္နဲ႔ေတြ႕ဆုံခဲ့တဲ့ အဲရစ္တန္ဟက္

အဲရစ္တန္ဟက္ဟာကာရင္တန္ေလ့က်င့္ေရးကြင္းသို႔လာေရာက္လည္ပတ္တဲ့ယူႏိုက္တက္ပိုင္ရွင္ေလာင္းဆာဂ်မ္ရက္ကလစ္ဖ္ႏွင့္ေတြ႕ဆုံမႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

ယူႏိုက္တက္ကိုဝယ္ယူေရးကမ္းလွမ္းထားၾကသူမ်ားဟာၿပီးခဲ့တဲ့ရက္မ်ားအတြင္းတြင္အိုးထရက္ဖို႔ဒ္ႏွင့္ကာရန္တန္ေလ့က်င့္ေရးကြင္းသို႔လာေရာက္လည္ပတ္မႈမ်ားျပဳလုပ္ခဲ့ၾကပါတယ္။

ကာတာစီးပြားေရးလုပ္ငန္းရွင္ရွိတ္ဂ်က္ဆမ္ဘင္ဟာမက္အယ္သာနီဟာလည္းၾကာသပေတးေန႔တုန္းကကာရင္တန္ေလ့က်င့္ေရးကြင္းသို႔လာေရာက္လည္ပတ္ခဲ့ၿပီးကလပ္မွတာဝန္ရွိသူမ်ားႏွင့္ေဆြးေႏြးမႈျပဳလုပ္ခဲ့ပါတယ္။ေသာၾကာေန႔တြင္လည္းၿဗိတိန္ရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္စာရင္းဝင္ရက္ကလစ္ဖ္ဟာကာရင္တန္ေလ့က်င့္ေရးကြင္းသို႔လာေရာက္လည္ပတ္ခဲ့ပါတယ္။

ထူးျခားတာကေတာ့ရက္ကလစ္ဖ္ဟာကာရင္တန္ေလ့က်င့္ေရးကြင္းသို႔ေရာက္ေနစဥ္အတြင္းယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ႏွင့္ပါေတြ႕ဆုံစကားေျပာခဲ့ပါတယ္။

အဲရစ္တန္ဟက္က “သူတို႔နဲ႔ခုပဲေတြ႕ခဲ့တာ။လက္ဆြဲႏႈတ္ဆက္ခဲ့တ္။ကြၽန္ေတာ္ကပြဲအေပၚမွာပဲအာ႐ုံစိုက္ေနတယ္။တနဂၤေႏြေန႔မွာပြဲႀကီးတစ္ပြဲကစားရမယ္။ကြၽန္ေတာ္တို႔အားလုံးဒီအေပၚမွာအာ႐ုံစိုက္တယ္။ကလပ္မွာရွိတဲ့အျခားသူေတြကအေရာင္းအဝယ္ကိစၥလုပ္ၾကပါလိမ့္မယ္။အခုကြၽန္ေတာ့္အလုပ္ကပြဲအေပၚမွာအာ႐ုံစိုက္ဖို႔ပါ။ပြဲအေၾကာင္းပဲေျပာၾကစို႔။ဒီပြဲကပြဲႀကီးပါ။ကြၽန္ေတာ္လည္းဒီပြဲအတြက္အသင့္ျဖစ္ေနပါၿပီ”လို႔ေျပာၾကားသြားပါတယ္။

ခါရာေဘာင္ဖလားခ်န္ပီယံယူႏိုက္တက္ဟာတနဂၤေႏြေန႔တြင္အိုးထရက္ဖို႔ဒ္ကြင္းမွာအက္ဖ္ေအဖလားကြာတားဖိုင္နယ္ပြဲအျဖစ္ဖူလ္ဟမ္ကိုဧည့္ခံကစားရပါမယ္။

ယူႏိုက္တက္ဟာယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္အဆင့္သို႔လည္းတက္ေရာက္ထားၿပီးဆီဗီလာႏွင့္ရင္ဆိုင္ကစားရပါမယ္။