စပါးကြောင့် ဂိုးများမယ်မထင်

အင်္ဂါည ချန်ပီယံလိဂ်အုပ်စုပွဲစဉ်-၆ ပွဲကြိုသုံးသပ်ချက်

မာဆေး နှင့် စပါး(ည ၂း၃၀)(သတိုးမှော်ဘီ)

နိုင်တဲ့အသင်းနောက်တစ်ဆင့်သေချာမှာဖြစ်ပေမယ့်စပါးအတွက်ကတော့ ၁ မှတ်ရရုံနဲ့ လုံလောက်ပါတယ်။ပြိုင်ပွဲစုံနောက်ဆုံးအိမ်ကွင်း ၅ ပွဲမှာ ၁ ပွဲသာနိုင်ခဲ့တဲ့မာဆေးရဲ့လက်ရှိအိမ်ကွင်းခြေစွမ်းကတော့ အားရစရာမရှိပါဘူး။

စပါးကလည်းဒီရာသီအဝေးကွင်းပွဲတွေမှာရလဒ်ပိုင်းတည်ငြိမ်မှုကင်းမဲ့ကာနည်းပြကွန်တီလည်းပွဲပယ်ထိထားပါတယ်။

အမှားမခံကစားမယ့်စပါးကြောင့် ဂိုးများမယ်မထင်ပါဘူး။

zawgyi




