ယုံကြည်ကိုးစားလို့ရတဲ့ ဆွစ်ဇာလန်ရဲ့မာဂုဏ်

သောကြာည ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်

ဆားဘီးယား နှင့် ဆွစ်ဇာလန်(ည ၁း၃၀)(မော်ကွန်း)

နောက်တစ်ဆင့်မျှော်လင့်ချက်အတွက် ဆားဘီးယားက နိုင်ဖို့လိုပေမယ့် ဆွစ်ဇာလန်ကတော့ မရှုံးတာနဲ့ ၁၆ သင်းအဆင့်တက်နိုင်မှာပါ။ဆားဘီးယားဟာ တိုက်စစ်မှာ ကစားသမားကောင်းတွေရှိပေယ့် ပြီးခဲ့တဲ့ ၂ ပွဲမှာ ၅ ဂိုးပေးခဲ့ရတဲ့ သူတို့ခံစစ်ကတော့ အတော်လေးအားနည်းပါတယ်။အထူးသဖြင့် ကင်မရွန်းလိုအသင်းကို ၃ ဂိုးပေးရလို့ သူတို့ရဲ့ခံစစ်ပိုင်းပေါ့လျော့မှုဟာ သိသာလွန်းခဲ့တာပါ။

ဆွစ်ဇာလန်ကတော့ ကစားပြီးခဲ့တဲ့အုပ်စု ၂ ပွဲစလုံးမှာ သူတို့ရဲ့မာကျောမှုကို ပြနိုင်ခဲ့ပါတယ်။အသင်းလိုက်အနေနဲ့လည်း ဆွစ်ဇာလန်ဟာ ဆားဘီးယားထက် ပိုပြီးစုစည်းမှုရှိတာပါ။ဆွစ်ဇာလန်ဘက်မှာ အနိမ့်ဆုံးသရေရှိတယ်။

zawgyi




