
ကြာသပတေးည ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်
ဘရာဇီး နှင့် ဆားဘီးယား(ည ၁း၃၀)(မော်ကွန်း)
ကာတာကမ္ဘာ့ဖလားရဲ့ရေပန်းအစားဆုံးဖြစ်တဲ့ဘရာဇီးဟာပြိုင်ပွဲ၀င်အသင်းတွေမှာလည်းတိုက်စစ်အားအကောင်းဆုံးပါ။နည်းပြတစ်တီရဲ့အသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာလည်းနောက်ဆုံး၁၅ ပွဲဆက်မရှုံးခဲ့ပါဘူး။ဒါ့အပြင်နေမာတို့ရဲ့အသင်းဟာကမ္ဘာ့ဖလားမတိုင်ခင်နောက်ဆုံး၇ပွဲစလုံးနိုင်ထားပြီးအဲဒီပွဲတွေမှာ၂၆ ဂိုးသွင်းကာ၂ ဂိုးသာပြန်ပေးခဲ့ရတာပါ။
ဆားဘီးယားကတော့အရင်ယှဉ်ပြိုင်ဖူးတဲ့ကမ္ဘာ့ဖလား ၃ ကြိမ်စလုံးမှာအုပ်စုကချည်းထွက်ခဲ့ရပါတယ်။နောက်ပြီးဆားဘီးယားဟာကမ္ဘာ့ဖလားကသူတို့ရဲ့နောက်ဆုံး ၉ ပွဲမှာ ၇ ပွဲရှုံးထားတာပါ။ဆားဘီးယားခံစစ်ကသာမန်ဆိုတော့နေမာတို့ရဲ့သွင်းဂိုးတွေကိုသာရေတွက်ရဖို့ ရှိပါတယ်။
zawgyi
အကောင်းဆုံးတာထွက်နိုင်မယ့် ရေပန်းအစားဆုံးအသင်း