မျှော်လင့်ချက်အတွက် ကိုယ့်တာဝန်ကိုယ်ကျေထားမယ့် မက္ကဆီကို

ဗုဒ္ဓဟူးည ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်

ဆော်ဒီ နှင့် မက္ကဆီကို(ည ၁း၃၀)(မော်ကွန်း)

ဆော်ဒီက နိုင်တာနဲ့ နောက်တစ်ဆင့်တက်မှာဖြစ်ပြီး မက္ကဆီကိုကလည်း ရှုံးထွက်မျှော်လင့်ချက်အတွက် နိုင်မှ ဖြစ်မှာပါ။အာဂျင်တီးနားကို အံ့အားသင့်ဖွယ်နိုင်ခဲ့ပေမယ့် ဒုတိယပွဲမှာ ပိုလန်ကို ရှုံးခဲ့တာကြောင့် ဆော်ဒီရဲ့ခြေစွမ်းက မတည်ငြိမ်တာ ထင်ရှားပါတယ်။ဒါ့အပြင် ဆော်ဒီဟာ လူစာရင်းအရလည်း အုပ်စုတွင်းမှာ အားအနည်းဆုံးအသင်းပါ။

မက္ကဆီကိုကတော့ ဒီကမ္ဘာ့ဖလားမှာ တစ်ဂိုးမှ မရသေးပေမယ့် သူတို့တိုက်စစ်မှာ လိုဇာနိုနဲ့ ဂျီမီနက်ဇ်တို့လို တိုက်စစ်မှုးတွေရှိနေပါတယ်။ဆော်ဒီကလည်း ကစားခဲ့တဲ့အုပ်စု ၂ ပွဲစလုံးမှာ ဂိုးပေးခဲ့ရတာပါ။သူနိုင်၊ ကိုယ်နိုင်အပြိုင်ကြဲရမယ့်ပွဲမှာ မက္ကဆီကိုသာ အားပေးမယ်။

zawgyi



တူနီးရှား နှင့် ပြင်သစ်(ည ၉း၃၀)(မော်ကွန်း)

တူနီးရှားက နောက်တစ်ဆင့်မျှော်လင့်ချက်အတွက် နိုင်မှရမှာဖြစ်ပေမယ့် ရှုံးထွက်သေချာပြီးသား ပြင်သစ်ကတော့ သရေဆိုတာနဲ့ အုပ်စုဗိုလ်နေရာအတွက် လုံလောက်ပါတယ်။အာဖရိကအသင်းဟာ ဒီကမ္ဘာ့ဖလားမှာ အခုချိန်ထိတော့ ဂိုးမရသေးပါဘူး။လက်ရှိချန်ပီယံပြင်သစ်ကတော့ ကစားပြီးခဲ့တဲ့ အုပ်စုနှစ်ပွဲပေါင်း ၆ ဂိုးသွင်းထားပါတယ်။ေ

နာက်တစ်ဆင့်သေချာပြီးသားပြင်သစ်ဟာ ဒီပွဲမှာ လူစာရင်းအပြောင်းအလဲများစွာလုပ်မှာပါ။တူနီးရှားကလည်း မထူးဇာတ်ခင်းလာဖို့ ရှိပါတယ်။ဒီတော့ ပြင်သစ် ၂ ဂိုးပြတ်တာ မျှော်မယ့်အစား ဂိုးပေါ်ကသာ ပိုကောင်းမှာပါ။