နာကျင်အချိန်ပို၄၂မိနစ်ထပ်ဆောင်းကစားစေမှုကြောင့်တာဝန်မှခေတ္တရပ်ဆိုင်းခြင်းခံလိုက်ရတဲ့ဒိုင်လူကြီးများ

ဒိုင်လူကြီး၆ဦးတို့ဟာဘိုလီဗီးယားအဆင့်မြင့်တန်းလိဂ်ပွဲတစ်ပွဲတွင်နာကျင်အချိန်ပို၄၂မိနစ်ထပ်ဆောင်းကစားစေမှုကြောင့်တာဝန်မှခေတ္တရပ်ဆိုင်းခြင်းခံလိုက်ရပါတယ်။

ဖီဖာဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကကစားသမားများရဲ့အချိန်ဖြုန်းတီးမှုကြောင့်နာကျင်အချိန်ပို ပိုပေးပြီးမိနစ်၁၀၀အထိအနည်းဆုံးကစားစေခဲ့ပါတယ်။

ဒါပေမဲ့ပြီးခဲ့တဲ့တနင်္လာနေ့တုန်းကAtletico Palmaflor နှင့် Bloomingတို့ကစားတဲ့ပွဲမှာတော့ အံ့ဩမင်သက်စရာကောင်းလောက်အောင်ဒိုင်လူကြီးကနာကျင်အချိန်ပိုကစားစေခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင် အိမ်ရှင် Atletico Palmaflor ဟာကာနီတီနှင့် အယ်ဗာရက်ဇ်တို့ရဲ့ဂိုးကြောင့် Booming ကို ၂-၀ ဂိုးဖြင့်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ပွဲချိန်၈၆မိနစ်တွင်မီဆိုက Booming အတွက်ချေပဂိုးသွင်းယူလာခဲ့ပါတယ်။ဒိုင်လူကြီးဟာအဆိုပါဂိုးကိုခွင့်ပြုရေးနှင့်ပတ်သက်ပြီး VAR စစ်ဆေးမှုအတွက်အချိန်၁၇မိနစ်အထိ ရယူခဲ့ပါတယ်။

ယင်းနောက်မှာတော့ဒိုင်လူကြီးဟာအံ့ဩသင့်စရာကောင်းလောက်အောင်နာကျင်အချိန်ပိုကစားစေလာခဲ့ပါတယ်။

ပုံမှန်အားဖြင့်၁၈မိနစ်(သို့မဟုတ်)မိနစ်၂၀အထိပေးပေမဲ့လည်းဒိုင်လူကြီးဟာအချိန်ပို၄၂မိနစ်အထိကစားစေခဲ့ပါတယ်။

အချိန်ပိုတွင်Booming ဘက်မှ မီနာချို(၉၀+၂၁)နှင့်ဗာကာ(၉၀+၂၈)တို့အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပြီးဆီနီစတာရာက(၉၀+၂၄)မှချေပဂိုးသွ့င်းခဲ့ပါတယ်။ဒါပေမဲ့ Atletico Palmaflor မှကာနီတီက ၉၀+၃၈မိနစ်မှာဂိုးထပ်သွင်းခဲ့လို့၃-၂ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

နှစ်ဖက်ကစားသမားများဟာဒိုင်လူကြီးရဲ့အံ့ဩသင့်စရာကောင်းတဲ့နာကျင်အချိန်ပိုကစားစေခဲ့မှုကြောင့်စုစုပေါင်း၁၃၂မိနစ်အထိကစားခဲ့ရပါတယ်။

ZawGyi

ဘိုလီဗီးယားအဆင့်မြင့်တန်းပွဲတွင် နာကျင်အချိန်ပို ၄၂ မိနစ်ကစားစေမဲ့ကြောင့် ၁၃၂ မိနစ်အထိ ပွဲကစားရမှုဖြစ်ပျက်ခဲ့








