
တနင်္ဂနွေည စပိန်လာလီဂါပွဲစဉ်-၁၈ ပွဲကြိုသုံးသပ်ချက်
ဘီလ်ဘာအို နှင့် ရီးရဲလ်(ည ၂း၃၀)(ဆရာစော)
ဒီရာသီဘီလ်ဘာအိုကလာလီဂါမှာအိမ်ကွင်း ၂ ပွဲသာရှုံးခဲ့သလိုရှုံးခဲ့တဲ့ပွဲတွေမှာလည်း ၁-၀ နဲ့သာရှုံးခဲ့တာပါ။နည်းပြဗယ်ဗာဒီပြန်ရောက်လာပြီးနောက်မှာလည်းဘီလ်ဘာအိုဟာခံစစ်ပိုင်း ပြန်မာလာပါတယ်။
ရီးရဲလ်ကတော့နောက်ပိုင်းလာလီဂါပွဲတွေမှာခြေစွမ်းယိုင်သွားသလိုတိုက်စစ်မှာဘင်ဇီမာလည်းခြေကျနေတာပါ။ဘီလ်ဘာအိုအိမ်ကွင်းရီးရဲလ်နဲ့နောက် ဆုံးတွေ့ဆုံမှု ၇ ပွဲမှာလည်း ၆ ပွဲကဂိုးနည်းခဲ့တာပါ။ခံကန်အားကောင်းတဲ့အိမ်ရှင်ကြောင့်ဂိုးနည်းပါလိမ့်မယ်။
zawgyi
ပျင်းစရာကောင်းမယ့် ဘီလ်ဘာအို-ရီးရဲလ်