
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးမားကပ်စ်ရက်ဖို့ဒ်၊ချဲလ်ဆီးအလယ်တန်းကစားသမားမေဆင်မောင့်နှင့်နယူးကာဆယ်ဂိုးသမားနစ်ပုပ်တို့ဟာဒဏ် ရာပြဿနာကြောင့်ယခုလယူရို၂၀၂၄ခြေစစ်ပွဲကစားမဲ့အင်္ဂလန်အသင်းမှအသီးသီးနုတ်ထွက်လိုက်ကြပါတယ်။
ရက်ဖို့ဒ်ဟာတနင်္ဂနွေနေ့တုန်းကဖူလ်ဟမ်ကိုအနိုင်ရရှိတဲ့အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
နယူးကာဆယ်ဂိုးသမားနစ်ပုပ်မှာလည်းသောကြာနေ့တုန်းကနော်တင်ဟမ်ဖောရက်စ်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။
မေဆင်မောင့်မှာဒဏ်ရာကြောင့်အနားယူနေရဆဲကစားသမားဖြစ်ပါတယ်။သူဟာအရိုးဒဏ်ရာကြောင့်ဖေဖော်ဝါရီလကတည်းကချဲလ်ဆီးအတွက်မကစားလာနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။
ရက်ဖို့ဒ်ဟာယခုရာသီတွင်ယူနိုက်တက်နှင့်အတူအထူးခြေစွမ်းပြကစားနေသူဖြစ်ပြီးပြိုင်ပွဲအရပ်ရပ်တွင်၂၇ဂိုးအထိသွင်းထားပါတယ်။သူဟာကမ္ဘာ့ဖ လားပြိုင်ပွဲတွင်လည်းအင်္ဂလန်အတွက်၅ပွဲကစားကာ၃ဂိုးသွင်းနိုင်ခဲ့ပါတယ်။
အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာနစ်ပုပ်နေရာတွင်၂၀၁၆ခုနှစ်ကတည်းကအင်္ဂလန်အတွက်ကစားခွင့်မရလာခဲ့တဲ့အသက်၃၅နှစ်ရှိစပါးစ်ဂိုးသမားဖော်စတာကိုအစားထိုးရွေးချယ်ထားပါတယ်။
ဆောက်ဂိတ်ရဲ့အင်္ဂလန်ဟာမတ်လ၂၃ရက်နေ့တွင်အီတလီနှင့်လည်းကောင်း၊မတ်လ၂၆ရက်နေ့တွင်ယူကရိန်းနှင့်လည်းကောင်းယူရို၂၀၂၄ခြေစစ်ပွဲက စားရပါမယ်။
ZawGyi
ဒဏ္ရာျပႆနာေၾကာင့္ အဂၤလန္အသင္းမွ ရက္ဖို႔ဒ္၊ ေမဆင္ေမာင့္ႏွင့္ နစ္ပုပ္တို႔ ႏုတ္ထြက္
မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးမားကပ္စ္ရက္ဖို႔ဒ္၊ခ်ဲလ္ဆီးအလယ္တန္းကစားသမားေမဆင္ေမာင့္ႏွင့္နယူးကာဆယ္ဂိုးသမားနစ္ပုပ္တို႔ဟာဒဏ္ရာျပႆနာေၾကာင့္ယခုလယူ႐ို၂၀၂၄ေျခစစ္ပြဲကစားမဲ့အဂၤလန္အသင္းမွအသီးသီးႏုတ္ထြက္လိုက္ၾကပါတယ္။
ရက္ဖို႔ဒ္ဟာတနဂၤေႏြေန႔တုန္းကဖူလ္ဟမ္ကိုအႏိုင္ရရွိတဲ့အက္ဖ္ေအဖလားကြာတားဖိုင္နယ္ပြဲစဥ္တြင္ဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။
နယူးကာဆယ္ဂိုးသမားနစ္ပုပ္မွာလည္းေသာၾကာေန႔တုန္းကေနာ္တင္ဟမ္ေဖာရက္စ္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ဒဏ္ရာရရွိသြားခဲ့တာျဖစ္ပါတယ္။
ေမဆင္ေမာင့္မွာဒဏ္ရာေၾကာင့္အနားယူေနရဆဲကစားသမားျဖစ္ပါတယ္။သူဟာအ႐ိုးဒဏ္ရာေၾကာင့္ေဖေဖာ္ဝါရီလကတည္းကခ်ဲလ္ဆီးအတြက္မကစားလာႏိုင္ခဲ့တဲ့သူလည္းျဖစ္ပါတယ္။
ရက္ဖို႔ဒ္ဟာယခုရာသီတြင္ယူႏိုက္တက္ႏွင့္အတူအထူးေျခစြမ္းျပကစားေနသူျဖစ္ၿပီးၿပိဳင္ပြဲအရပ္ရပ္တြင္၂၇ဂိုးအထိသြင္းထားပါတယ္။သူဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္းအဂၤလန္အတြက္၅ပြဲကစားကာ၃ဂိုးသြင္းႏိုင္ခဲ့ပါတယ္။
အဂၤလန္နည္းျပေဆာက္ဂိတ္ဟာနစ္ပုပ္ေနရာတြင္၂၀၁၆ခုႏွစ္ကတည္းကအဂၤလန္အတြက္ကစားခြင့္မရလာခဲ့တဲ့အသက္၃၅ႏွစ္ရွိစပါးစ္ဂိုးသမားေဖာ္စတာကိုအစားထိုးေ႐ြးခ်ယ္ထားပါတယ္။
ေဆာက္ဂိတ္ရဲ႕အဂၤလန္ဟာမတ္လ၂၃ရက္ေန႔တြင္အီတလီႏွင့္လည္းေကာင္း၊မတ္လ၂၆ရက္ေန႔တြင္ယူကရိန္းႏွင့္လည္းေကာင္းယူ႐ို၂၀၂၄ေျခစစ္ပြဲကစားရပါမယ္။