အိမ်ရှင်ဆိုတဲ့အားလည်းရှိနေတာကြောင့်ကာတာဘက်မှာအနိမ့်ဆုံးသရေ

တနင်္ဂနွေည ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်

ကာတာ နှင့် အီကွေဒေါ(ည ၁၀း၃၀)(မော်ကွန်း)

အိမ်ရှင်နိုင်ငံဖြစ်လို့ ခြေစစ်ပွဲ၀င်စရာမလိုတာကြောင့်ကာတာအနေနဲ့ ကမ္ဘာ့ဖလားမှာပထမဆုံးအကြိမ်အဖြစ်ပါ၀င်ဆင်နွှဲခွင့်ရတာပါ။ဒါပေမဲ့ကာတာဟာ ၂၀၁၉ ကိုပါအမေရိက၊ ၂၀၁၉ ရွှေဖလားနဲ့ ဥရောပဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာဧည့်သည်အသင်းအနေနဲ့ ၀င်ပြိုင်ခဲ့တာကြောင့်ပြိုင်ဘက်မျိုးစုံနဲ့ ရင် ဆိုင်ခဲ့ရတဲ့အတွေ့အကြုံတော့ ရှိထားပါတယ်။အီကွေဒေါကတော့တောင်အမေရိကဇုန်မှာ အဆင့် ၄ ရခဲ့လို့ခြေစစ်ပွဲအောင်ခဲ့တာဖြစ်ပြီးကမ္ဘာ့ဖလားမှာ သူတို့ရဲ့စတုတ္ထအကြိမ်မြောက်ယှဉ်ပြိုင်ရမှုပါ။

လက်ရှိမှာလည်းအန်နာဗလင်စီယာတို့ရဲ့အသင်းဟာပြိုင်ပွဲစုံနောက်ဆုံး ၇ ပွဲစလုံးမှာရှုံးပွဲမရှိခဲ့ဘဲအဲဒီ ၇ ပွဲမှာ ၁ ဂိုးသာပေးခဲ့ရတယ်။အစဉ်အလာအရတော့ကမ္ဘာ့ဖလားရဲ့အိမ်ရှင်အသင်းတွေဟာပြိုင်ပွဲရဲ့အဖွင့်ပွဲစဉ်မှာဘယ်တုန်းကမှမရှုံးခဲ့ပါဘူး။ အဲဒီအစဉ်အလာအပြင်အိမ်ရှင်ဆိုတဲ့အားလည်းရှိနေတာကြောင့်ကာတာဘက်မှာအနိမ့်ဆုံးသရေရှိပါတယ်။

zawgyi

အိမ္ရွင္အသင္းေတြ အဖြင့္ပြဲမရႈံးတဲ့အစဥ္အလာကို ဆက္ထိန္းမယ့္ ကာတာ

(ေမာ္ကြန္း)

တနဂၤေႏြည ၂၀၂၂ ကမာၻ႔ဖလား အုပ္စုအဆင့္ ပြဲႀကိဳသုံးသပ္ခ်က္

ကာတာ ႏွင့္ အီေကြေဒါ(ည ၁၀း၃၀)

အိမ္ရွင္ႏိုင္ငံျဖစ္လို႔ ေျခစစ္ပြဲ၀င္စရာမလိုတာေၾကာင့္ ကာတာအေနနဲ႔ ကမာၻ႔ဖလားမွာ ပထမဆုံးအႀကိမ္အျဖစ္ ပါ၀င္ဆင္ႏႊဲခြင့္ရတာပါ။ဒါေပမဲ့ ကာတာဟာ ၂၀၁၉ ကိုပါအေမရိက၊ ၂၀၁၉ ေ႐ႊဖလားနဲ႔ ဥေရာပဇုန္ကမာၻ႔ဖလားေျခစစ္ပြဲေတြမွာ ဧည့္သည္အသင္းအေနနဲ႔ ၀င္ၿပိဳင္ခဲ့တာေၾကာင့္ ၿပိဳင္ဘက္မ်ိဳးစုံနဲ႔ ရင္ဆိုင္ခဲ့ရတဲ့အေတြ႕အႀကဳံေတာ့ ရွိထားပါတယ္။အီေကြေဒါကေတာ့ ေတာင္အေမရိကဇုန္မွာ အဆင့္ ၄ ရခဲ့လို႔ ေျခစစ္ပြဲေအာင္ခဲ့တာျဖစ္ၿပီး ကမာၻ႔ဖလားမွာ သူတို႔ရဲ႕စတုတၳအႀကိမ္ေျမာက္ယွဥ္ၿပိဳင္ရမႈပါ။

လက္ရွိမွာလည္း အန္နာဗလင္စီယာတို႔ရဲ႕အသင္းဟာ ၿပိဳင္ပြဲစုံေနာက္ဆုံး ၇ ပြဲစလုံးမွာ ရႈံးပြဲမရွိခဲ့ဘဲ အဲဒီ ၇ ပြဲမွာ ၁ ဂိုးသာေပးခဲ့ရတယ္။အစဥ္အလာအရေတာ့ ကမာၻ႔ဖလားရဲ႕အိမ္ရွင္အသင္းေတြဟာ ၿပိဳင္ပြဲရဲ႕အဖြင့္ပြဲစဥ္မွာ ဘယ္တုန္းကမွ မရႈံးခဲ့ပါဘူး။ အဲဒီအစဥ္အလာအျပင္ အိမ္ရွင္ဆိုတဲ့အားလည္းရွိေနတာေၾကာင့္ ကာတာဘက္မွာ အနိမ့္ဆုံးသေရရွိပါတယ္။