နိုင်ရင်နောက်တစ်ဆင့်တက်မယ့်အင်တာ

ဗုဒ္ဓဟူးည ချန်ပီယံလိဂ်အုပ်စုပွဲစဉ်-၅ ပွဲကြိုသုံးသပ်ချက်

အင်တာမီလန် နှင့် ပယ်လ်ဇန်(ည ၁၁း၁၅)(သတိုးမှော်ဘီ)

အင်တာကဒီပွဲနိုင်တာနဲ့ နောက်မှကစားရမယ့်ဘာစီလိုနာကိုတာ့တာ့ပြလိုရပါတယ်။တစ်မှတ်မှမရသေးတဲ့ချက်ကလပ်ပယ်လ်ဇန်ကတော့အိမ်ဖြည့်အဆင့်ထက်မပိုပါဘူး။

အုပ်စုတွင်းမှာပွဲတိုင်းကို ဂိုးအလှူပေးနေရတဲ့ပယ်လ်ဇန်ဟာအိမ်ကွင်းမှာတောင်အင်တာကို ၂ ဂိုးပြတ်နဲ့ရှုံးထားတာပါ။နိုင်ရင်နောက်တစ်ဆင့်တက်မယ်ဆိုတဲ့အသိနဲ့ ဝုန်းဒိုင်းကြဲမယ့်အင်တာဂိုးမိုးရွာနိုင်လိမ့်မယ်။

zawgyi




