
တနင်္ဂနွေည အီတလီစီးရီးအေပွဲစဉ်-၁၇ ပွဲကြိုသုံးသပ်ချက်
ဆမ်ဒိုးရီးယား နှင့် နာပိုလီ(ည ၁၁း၃၀)(ရွှေဘိုသား)
ပြီးခဲ့တဲ့ကြားရက်ကအဝေးကွင်းမှာဆက်ဆူကိုတက်နိုင်လိုက်လို့ ဆမ်ဒိုးရီးယားဟာဇယားအောက်ခြေဘ၀ကကျွတ်သွားတယ်။နာပိုလီကတော့ပြီးခဲ့တဲ့ကြားရက်ကအင်တာနဲ့အတွေ့မှာဒီရာသီပထမဆုံးအရှုံးဆိုတာမြည်းစမ်းလိုက်ရတာပါ။
ဒါပေမဲ့နာပိုလီဟာဆမ်ဒိုးရီးယားနဲ့ နောက်ဆုံးတွေ့ဆုံမှု ၇ ပွဲစလုံးကိုနိုင်ထားသလိုအဝေးကွင်းတွေ့ဆုံမှုနောက်ဆုံး ၇ ပွဲမှာလည်း ၆ပွဲကိုအနိမ့်ဆုံး၂ဂိုးနှုန်း သွင်းနိုင်ခဲ့ပါတယ်။နေပယ်သားတွေပြန်လည်ရုန်းထမှာပါ။
zawgyi