နော်တင်ဟမ်ကိုဂန်းနားတွေကတောက်ချမှာပါ

တနင်္ဂနွေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၁၄ ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် နှင့် နော်တင်ဟမ်(ည ၈း၃၀)(စိုင်းကိုတောင်ကြီး)

ပြီးခဲ့တဲ့ရက်သတ္တပတ်ဟာဂန်းနားတွေအတွက်တော့အဆင်မချောလှဘဲဆောက်သမ်တန်နဲ့အတွေ့မှာပရီးမီးယားလိဂ်နိုင်ပွဲဆက်မှုရပ်တန့်ခဲ့သလိုပီအက်စ်ဗီနဲ့တွေ့တော့လည်းနောက်ဆုံး ၉ ပွဲဆက်ရှုံးပွဲမရှိမှုအဆုံးသတ်ခဲ့ရတယ်။ဒါပေမဲ့အဲဒီ ၂ ပွဲစလုံးကအဝေးကွင်းတွေမှာသာဖြစ်ပြီးအမ်းမရိတ်စ်မှာတော့ အာတီတာရဲ့အသင်းဟာဘယ်ပြိုင်ပွဲပဲဖြစ်ဖြစ်ရာနှုန်းပြည့်ပန်းပန်နေဆဲပါ။

ပြီးခဲ့တဲ့အပတ်ကကြိုးကြာတောင်ပံချိုးနိုင်ခဲ့လို့ နော်တင်ဟမ်တို့သွေးနားထင်ရောက်သွားပါတယ်။ဒါပေမဲ့လိဂ်အဝေးကွင်းနောက်ဆုံး ၄ ပွဲဆက်ဂိုးမရခဲ့တဲ့ခြေစွမ်းနဲ့တော့အမ်းမရိတ်စ်ကိုတက်လာလို့ မရပါဘူး။သွေးနားထင်ရောက်နေတဲ့ နော်တင်ဟမ်ကိုဂန်းနားတွေကတောက်ချမှာပါ။

zawgyi

ေသြးနားထင္ေရာက္ေနတဲ့ ေနာ္တင္ဟမ္ကို ဂန္းနားေတြက ေတာက္ခ်မွာပါ

တနဂၤေႏြည အဂၤလန္ပရီးမီးယားလိဂ္ပြဲစဥ္-၁၄ ပြဲႀကိဳသုံးသပ္ခ်က္

အာဆင္နယ္ ႏွင့္ ေနာ္တင္ဟမ္(ည ၈း၃၀)(စိုင္းကိုေတာင္ႀကီး)

ၿပီးခဲ့တဲ့ရက္သတၱပတ္ဟာ ဂန္းနားေတြအတြက္ေတာ့ အဆင္မေခ်ာလွဘဲ ေဆာက္သမ္တန္နဲ႔အေတြ႕မွာ ပရီးမီးယားလိဂ္ႏိုင္ပြဲဆက္မႈရပ္တန႔္ခဲ့သလို ပီအက္စ္ဗီနဲ႔ေတြ႕ေတာ့လည္း ေနာက္ဆုံး ၉ ပြဲဆက္ရႈံးပြဲမရွိမႈအဆုံးသတ္ခဲ့ရတယ္။ဒါေပမဲ့ အဲဒီ ၂ ပြဲစလုံးက အေဝးကြင္းေတြမွာသာျဖစ္ၿပီး အမ္းမရိတ္စ္မွာေတာ့ အာတီတာရဲ႕အသင္းဟာ ဘယ္ၿပိဳင္ပြဲပဲျဖစ္ျဖစ္ ရာႏႈန္းျပည့္ပန္းပန္ေနဆဲပါ။

ၿပီးခဲ့တဲ့အပတ္က ႀကိဳးၾကာေတာင္ပံခ်ိဳးႏိုင္ခဲ့လို႔ ေနာ္တင္ဟမ္တို႔ ေသြးနားထင္ေရာက္သြားပါတယ္။ဒါေပမဲ့ လိဂ္အေဝးကြင္းေနာက္ဆုံး ၄ ပြဲဆက္ဂိုးမရခဲ့တဲ့ ေျခစြမ္းနဲ႔ေတာ့ အမ္းမရိတ္စ္ကို တက္လာလို႔ မရပါဘူး။ေသြးနားထင္ေရာက္ေနတဲ့ ေနာ္တင္ဟမ္ကို ဂန္းနားေတြက ေတာက္ခ်မွာပါ။