
စနေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၁၈ ပွဲကြိုသုံးသပ်ချက်
ဝုဗ် နှင့် မန်ယူ(ည ရး၀၀)(စိုင်းကိုတောင်ကြီး)
မြေခွေးတွေဟာနည်းပြသစ်လိုပက်တီဂူလက်ထက်မှာပြန်လည်ခေါင်းထောင်လာပါတယ်။အဲဒီဆီဗီလာနည်းပြဟောင်းကိုင်တွယ်ခဲ့တဲ့ ၂ ပွဲမှာကာရာဘောင်းကဂယ်လင်ဟမ်ကို၂-၀ နဲ့နိုင်ပြီးဘောက်ဆင်ဒေးမှာအဲဗာတန်ကိုနောက်ဆုံးမိနစ်ဂိုးနဲ့အသည်းခွဲနိုင်ခဲ့တာပါ။သရဲနီတို့ကလည်းစီရော်နယ်ဒိုခေတ်လွန်ကာလကိုအခက်အခဲမရှိဖြတ်သန်းနိုင်နေပါတယ်။
ဒါပေမဲ့တန်ဟက်ရဲ့အသင်းဟာအဝေးကွင်းဆိုရလဒ်ပိုင်းတည်ငြိမ်မှုမရှိသေးပါဘူး။လိုပက်တီဂူကဒီလိုပွဲမျိုးမှာပိတ်ကစားဖို့ ရှိနေသလိုသူတို့ကြားက နောက်ဆုံးတွေ့ဆုံမှု ၈ ပွဲမှာလည်း ၇ ပွဲကဂိုးအောက်ခဲ့တာပါ။အစဉ်အလာမပျက်ဂိုးတွေခမ်းခြောက်နေဦးမှာပါ။
zawgyi