
မန်ချက်စတာယူနိုက်တက်ဟာကင်းထောက်များစေလွှတ်ကာဘရိုက်တန်စတားကာအိုရူမီတိုမာအားစောင့်ကြည့်လျက်ရှိနေကြောင်းသိရပါတယ်။
ဂျပန်လက်ရွေးစင်စတားဟာယခုရာသီတွင်ရောဘတ်တိုဒီဇာဘီရဲ့ဘရိုက်တန်အသင်းတွင်အဓိကကစားသမားအဖြစ်ခြေစွမ်းပြကစားနေသူလည်းဖြစ်ပါတယ်။
ဘရိုက်တန်ဟာ၂၀၂၁ခုနှစ်တုန်းကမီတိုမာကို ဂျပန်ကလပ် ကာဝါဆာကီဖရွန်တဲလ်မှပေါင်၂.၇သန်းတည်းဖြင့်ခေါ်ယူခဲ့တာဖြစ်ပါတယ်။
သူဟာဘယ်လ်ဂျီယံကလပ်ယူနီယံစိန့်ဂယ်လွိုက်စ်တွင်တစ်ရာသီအငှားဖြင့်သွားကစားပြီးနောက်ယခုရာသီတွင်ဘရိုက်တန်ရဲ့အဓိကကစားသမားအဖြစ်ခြေစွမ်းပြနေပါတယ်။
သူဟာဒီဇာဘီရောက်လာပြီးနောက်ပိုင်းတွင်ဘရိုက်တန်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၉ဂိုးသွင်းယူကာ၆ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်ပါတယ်။
မီတိုမာဟာခြေစွမ်းပြကစားနိုင်မှုနှင့်အတူယူနိုက်တက်အပြင်ရီးရဲလ်မက်ဒရစ်၊ဘိုင်ယန်မြူးနစ်၊အာဆင်နယ်နှင့်မန်စီးတီးတို့ရဲ့စောင့်ကြည့်ခြင်းလည်းခံနေရပါတယ်။
ZawGyi
ဂျပန်စတားကို ကင်းထောက်စေလွှတ်ကာ ယူနိုက်တက်စောင့်ကြည့်နေ