ဂိုးသံတစ်ညံညံနဲ့ ဆူညံနေမယ့်အမ်းမရိတ်စ်

တနင်္ဂနွေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၁ ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် နှင့် မန်ယူ(ည ၁၁း၀၀)(စိုင်းကိုတောင်ကြီး)

ဂန်နားတို့ဟာဒီရာသီပရီးမီးယားလိဂ်မှာသူတို့ဒူးထောက်ခဲ့ရတဲ့တစ်သင်းတည်းသောအသင်းကို တနင်္ဂနွေမှာဧည့်ခံရတာပါ။အခုရာသီအမှတ်ပေးမှာအာတီတာရဲ့အသင်းမနိုင်ခဲ့တာဆိုလို့လည်း ၃ ပွဲသာရှိခဲ့ပြီးနောက်ဆုံးလိဂ် ၇ ပွဲမှာလည်း ၆ ပွဲနိုင်ထားပါတယ်။သရဲနီတို့ကတော့ကြားရက်ထဲကပဲလေ့စ်နဲ့ပွဲမှာ နောက်ကျချေပဂိုးပေးခဲ့ရလို့ နိုင်ပွဲအရှိန်အဟုန်ရပ်သွားခဲ့ရတာပါ။

သူတို့အတွက်ထိုးနှက်ချက်တစ်ခုကအသင်းအတွက်အဓိကကကျတဲ့ကက်စမဲရိုးပွဲပယ်ထိထားတာပါပဲ။ဒီရာသီပရီးမီးယားလိဂ်မှာတော့ဂန်းနားတို့က အိမ်ကွင်းပွဲတိုင်းနီးပါးဂိုးရထားသလိုသရဲနီတို့ကလည်းအဝေးကွင်းပွဲတိုင်းနီးပါးဂိုးရထားပါတယ်။အမ်းမရိတ်စ်မှာဂိုးသံတစ်ညံညံနဲ့ ဆူညံနေပါတော့မယ်။

zawgyi




