ကာရစ်လက်ထက် အရှိန်ရနေတဲ့ မစ်ဒယ်ဘရော့

စနေည အင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ်-၂၂ ပွဲကြိုသုံးသပ်ချက်

မစ်ဒယ်ဘရော့ နှင့် လူတန်တောင်း(ည ၉း၃၀)(မော်ကွန်း)

မိုက်ကယ်ကာရစ်လည်းရောက်လာရောမစ်ဒယ်ဘရော့ဟာ တမဟုတ်ချင်းပြောင်းလဲသွားပြီး အဲဒီမန်ယူကြယ်ပွင့်ဟောင်းလက်ထက် ၄ ပွဲမှာ ၁၀ မှတ်စုဆောင်းနိုင်ခဲ့ပါတယ်။

ဇယားအလယ်က လူတန်တောင်းကလည်း နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ ရှုံးထားလို့ လျှော့တွက်မရပါဘူး။ ဒါပေမဲ့ လူတန်တောင်းဟာ နောက်ဆုံးအဝေးကွင်း ၃ ပွဲမှာ ၂ ပွဲရှုံးခဲ့တာပါ။ကာရစ်လက်ထက် အရှိန်ရနေတဲ့ အိမ်ရှင်နောက် ဆက်လိုက်မယ်။

zawgyi




