အဖွင့်ပွဲကမက်ဆီတို့ဂိုးသွင်းပွဲ

အင်္ဂါည ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်

အာဂျင်တီးနား နှင့် ဆော်ဒီ(ညနေ ၄း၃၀)(မော်ကွန်း)

ပြိုင်ပွဲစုံနောက်ဆုံး ၃၆ ပွဲဆက်ရှုံးပွဲမရှိခဲ့တဲ့အာဂျင်တီးနားဟာကာတာကမ္ဘာ့ဖလားအုပ်စုအဖွင့်မှာလည်းဆက်လက်ရှုံးပွဲမရှိခဲ့ရင်အီတလီရဲ့ကမ္ဘာ့စံချိန်မှာ ၃၇ ပွဲဆက်ရှုံးပွဲမရှိမှုကို လိုက်မီမှာပါ။လက်ရှိမှာလည်းမက်ဆီတို့အသင်းဟာနောက်ဆုံး ၅ ပွဲဆက်ပေးဂိုးမရှိခဲ့သလိုအဲဒီ ၅ ပွဲမှာစုစုပေါင်း ၁၆ ဂိုးတောင်သွင်းနိုင်ခဲ့တယ်။၂၀၁၈ ကမ္ဘာ့ဖလားတုန်းကအုပ်စုကမကျော်ခဲ့တဲ့ဆော်ဒီဟာဒီတစ်ကြိမ်ကမ္ဘာ့ဖလားမှာလည်းသူတို့အတွက်အုပ်စုကျပ်ထဲရောက်နေတာမို့ အခြေအနေကောင်းမယ့်ပုံမပေါ်ပါဘူး။

ဆော်ဒီရဲ့ပြိုင်ပွဲစုံနောက်ဆုံး ၁၀ ပွဲမှာလည်းနှစ်ဖက်သွင်းဂိုးစုစုပေါင်း ၉ ဂိုးသာရှိခဲ့ကာသူတို့တိုက်စစ်ကအတော်လေးကိုအားနည်းပါတယ်။အာဂျင်တီးနားကကမ္ဘာ့ဖလားမှာဆော်ဒီနဲ့မတွေ့ဖူးပေမယ့်အာရှအသင်းတွေနဲ့ အရင်ဆုံခဲ့တဲ့ ၄ ကြိမ်မှာ ၂ ကြိမ်နိုင်ထားတာပါ။ရေပန်းစားအသင်းတစ်သင်းရဲ့အုပ်စုအဖွင့်ပွဲကမက်ဆီတို့ဂိုးသွင်းလေ့ကျင့်နိုင်မယ့်ပွဲဖြစ်နေတယ်။

zawgyi




