ပျင်းစရာဆက်ကောင်းနေဦးမယ့်ပွဲ

တနင်္ဂနွေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၁၀ ပွဲကြိုသုံးသပ်ချက်

အဲဗာတန် နှင့် မန်ယူ(ည ၁၂း၃၀)(စိုင်းကိုတောင်ကြီး)

လမ်းပတ်လက်ထက်အဲဗာတန်မှာအတိုးတက်ဆုံးနေရာကခံစစ်လို့ ပြောရတော့မယ်။၇ ဂိုးသာပေးထားရသေးလို့ ဒီရာသီပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးခံစစ်ဖြစ်နေပြီးဂိုးသမားပစ်ဖို့ဒ်ကလည်းစူပါမန်းတစ်ယောက်အလားပါပဲ။သရဲနီတွေကတော့အရှက်တကွဲဒါဘီအရှုံးရဲ့ရိုက်ခတ်မှုကိုခံစားနေရဆဲဖြစ်ပြီးဂွါတ်ဒီဆင်ပါ့ခ်ကနောက်ဆုံး ၅ ကြိမ်မှာလည်း ၂ ကြိမ်သာနိုင်ခဲ့ပါတယ်။

မန်ချက်စတာဒါဘီမတိုင်ခင်အနီးစပ်ဆုံးအဝေးကွင်းပွဲတွေပြန်ကြည့်ရင်တန်ဟက်ရဲ့အသင်းဟာလက်စတာ၊ ဆောက်သမ်တန်တို့ကို မိုးထဲရေထဲမှာ ၁-၀ နဲ့သာနိုင်ခဲ့တာပါ။ဂွတ်ဒီဆင်ပါ့ခ်ဟာအရင်ကပျင်းစရာကောင်းခဲ့သလိုနောင်လည်းပျင်းစရာဆက်ကောင်းနေဦးမှာပါ။

zawgyi




