ဂိုးသွင်းလေ့ကျင့်မယ့်ပီအက်စ်ဂျီ

အင်္ဂါည ချန်ပီယံလိဂ်အုပ်စုပွဲစဉ်-၅ ပွဲကြိုသုံးသပ်ချက်

ပီအက်စ်ဂျီ နှင့် မက္ကာဘီဟိုင်ဖာ(ည ၁း၃၀)(သတိုးမှော်ဘီ)

ပြီးခဲ့တဲ့သောကြာကပဲမမြင်ရတာကြာပြီဖြစ်တဲ့ပီအက်စ်ဂျီရဲ့ဂိုးပြတ်နိုင်ပွဲကိုပြန်လည်မြင်တွေ့ခဲ့ရတယ်။ဘင်ဖီကာနဲ့ရမှတ်တူဖြစ်နေတဲ့ပီအက်စ်ဂျီဟာ အုပ်စုပထမနေရာအတွက်ဒီလိုပွဲမျိုးကို အလွတ်ပေးမှာမဟုတ်ပါဘူး။

အစ္စရေးကလပ်ကတော့အုပ်စုတွင်းအဝေးကွင်း ၂ ပွဲစလုံးမှာဂျူဗင်တပ်ရောဘင်ဖီကာကိုပါအနိမ့်ဆုံး ၂ ဂိုးပြတ်နဲ့ရှုံးခဲ့ပါတယ်။မက်ဆီ၊ ဘက်ပီတို့ဂိုးသွင်းလေ့ကျင့်ကြမယ့်ပွဲပါ။

zawgyi

မက်ဆီတို့ ဘက်ပီတို့ ဂိုးသွင်းလေ့ကျင့်မယ့်အချိန် ရောက်လာပြီ



