နှလုံးရောဂါကြောင့်အသက်၃၆နှစ်အရွယ်တွင်ကစားသမားဘဝမှအနားယူလိုက်ရတဲ့လီဗားပူးစတားဟောင်းလူးကပ်စ်

လီဗာပူးကစားသမားဟောင်းလူးကပ်စ်လိုင်ဗာဟာနှလုံးရောဂါပြဿနာကြောင့်အသက်၃၆နှစ်အရွယ်တွင်ပင်ကစားသမားဘဝမှအနားယူလိုက်ရပြီဖြစ်ပါတယ်။

ကွင်းလယ်ကစားသမားဟာနွေရာသီတုန်းကကစားသမားဘဝစတင်ရာဂရီမီယိုသို့ပြန်လည်ပြောင်းရွေ့ခဲ့သူဖြစ်ပါတယ်။သူဟာဂရီမီယိုတွင်ကစားနေစဉ်အတွင်းစစ်ဆေးမှုပြုလုပ်ခဲ့ရာနှလုံးရောဂါပြဿနာရှိနေကြောင်းတွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။

လိုင်ဗာဟာ၂၀၀၇ခုနှစ်တုန်းကဂရီမီယိုမှလီဗာပူးသို့ပေါင်၅သန်းဖြင့်ပြောင်းရွှေ့ပြီးနောက်အန်ဖီးလ်တွင်၁၀ရာသီကြာကစားခဲ့ကာ၃၄၆ပွဲကစားခဲ့ပါတယ်။

လိုင်ဗာဟာလီဗာပူးတွင်စတင်ကစားစဉ်တုန်းကပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန်ရုန်းကန်ခဲ့ရပေမဲ့လည်းဇာဘီးအလွန်ဆိုနှင့်ဂျာဗီးယားမာရှေးယာနိုတို့ထွက်ခွာသွားပြီးနောက်ပုံမှန်ပွဲထွက်ကစားခွင့်ရလာခဲ့ပါတယ်။

သူဟာလီဗာပူးနှင့်အတူ၂၀၁၂ခုနှစ်တုန်းကလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့သလိုပရီးမီးယားလိဂ်ပွဲ၂၄၇ပွဲကစားကာပရီးမီးယားလိဂ်သမိုင်းတွင်စတုတ္ထပွဲအများဆုံးကစားထားတဲ့ဘရာဇီးသားအဖြစ်ရပ်တည်နေပါတယ်။

သူဟာ၂၀၁၇ခုနှစ်တွင်လီဗာပူးမှထွက်ခွာကာလာဇီယိုသို့ပေါင်၅သန်းဖြင့်ပြောင်းပြီးနောက် ကိုပါအီတာလီယာဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။သူဟာဘရာဇီးလက်ရွေးစင်အသင်းအတွက်လည်း၂၄ ပွဲကစားပေးခဲ့ပါတယ်။

ZawGyi

ႏွလုံးေရာဂါေၾကာင့္ အသက္ ၃၆ ႏွစ္အ႐ြယ္တြင္ ကစားသမားဘဝမွအနားယူလိုက္ရတဲ့ လီဗာပူးစတားေဟာင္းလိုင္ဗာ

လီဗာပူးကစားသမားေဟာင္းလူးကပ္စ္လိုင္ဗာဟာႏွလုံးေရာဂါျပႆနာေၾကာင့္အသက္၃၆ႏွစ္အ႐ြယ္တြင္ပင္ကစားသမားဘဝမွအနားယူလိုက္ရၿပီျဖစ္ပါတယ္။

ကြင္းလယ္ကစားသမားဟာေႏြရာသီတုန္းကကစားသမားဘဝစတင္ရာဂရီမီယိုသို႔ျပန္လည္ေျပာင္းေ႐ြ႕ခဲ့သူျဖစ္ပါတယ္။သူဟာဂရီမီယိုတြင္ကစားေနစဥ္အတြင္းစစ္ေဆးမႈျပဳလုပ္ခဲ့ရာႏွလုံးေရာဂါျပႆနာရွိေနေၾကာင္းေတြ႕ရွိခဲ့ရတာလည္းျဖစ္ပါတယ္။

လိုင္ဗာဟာ၂၀၀၇ခုႏွစ္တုန္းကဂရီမီယိုမွလီဗာပူးသို႔ေပါင္၅သန္းျဖင့္ေျပာင္းေ႐ႊ႕ၿပီးေနာက္အန္ဖီးလ္တြင္၁၀ရာသီၾကာကစားခဲ့ကာ၃၄၆ပြဲကစားခဲ့ပါတယ္။

လိုင္ဗာဟာလီဗာပူးတြင္စတင္ကစားစဥ္တုန္းကပုံမွန္ပြဲထြက္ကစားခြင့္ရရွိရန္႐ုန္းကန္ခဲ့ရေပမဲ့လည္းဇာဘီးအလြန္ဆိုႏွင့္ဂ်ာဗီးယားမာေရွးယာႏိုတို႔ထြက္ခြာသြားၿပီးေနာက္ပုံမွန္ပြဲထြက္ကစားခြင့္ရလာခဲ့ပါတယ္။

သူဟာလီဗာပူးႏွင့္အတူ၂၀၁၂ခုႏွစ္တုန္းကလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့သလိုပရီးမီးယားလိဂ္ပြဲ၂၄၇ပြဲကစားကာပရီးမီးယားလိဂ္သမိုင္းတြင္စတုတၳပြဲအမ်ားဆုံးကစားထားတဲ့ဘရာဇီးသားအျဖစ္ရပ္တည္ေနပါတယ္။

သူဟာ၂၀၁၇ခုႏွစ္တြင္လီဗာပူးမွထြက္ခြာကာလာဇီယိုသို႔ေပါင္၅သန္းျဖင့္ေျပာင္းၿပီးေနာက္ ကိုပါအီတာလီယာဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။သူဟာဘရာဇီးလက္ေ႐ြးစင္အသင္းအတြက္လည္း၂၄ ပြဲကစားေပးခဲ့ပါတယ္။