တိုက်စစ်အသားပေးကစားကြမယ့်ပွဲမှာအကျိုးများစေမှာကတော့ဂိုးအများပါ

ဗုဒ္ဓဟူးည ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်

ဂျာမနီ နှင့် ဂျပန်(ည ၇း၃၀)(မော်ကွန်း)

ဂျာမနီကတော့ဒီတစ်ကြိမ်မှာအုပ်စုကထွက်ခဲ့ရတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားကလိုအဖြစ်မျိုးထပ်အဖြစ်ခံမှာမဟုတ်ပါဘူး။ဒါပေမဲ့ဘိုင်ယန်နည်းပြဟောင်းဟန်ဆီဖလစ်လက်ထက်မှာလည်းဂျာမနီကသိသိသာသာကိုတိုးတက်ပြောင်းလဲလာခြင်းမရှိသေးပါဘူး။ပြိုင်ပွဲစုံနောက်ဆုံး ၈ ပွဲမှာ ၂ ပွဲသာနိုင်ခဲ့တာကဂျာမနီကိုသတိထားစရာဖြစ်နေတယ်။

ရုရှားကမ္ဘာ့ဖလားတုန်းက၁၆ သင်းအဆင့်ထိရောက်ခဲ့ဖူးတဲ့ဂျပန်ကတော့လျှော့တွက်လို့မရတဲ့အသင်းပါ။ဂျပန်လူစာရင်းထဲကအများစုကလည်းဘွန်ဒက်စ်လီဂါမှာကန်နေကြတာဆိုတော့ဂျာမနီအကြောင်းကောင်းကောင်းသိပါတယ်။တိုက်စစ်အသားပေးကစားကြမယ့်ပွဲမှာအကျိုးများစေမှာကတော့ဂိုးအများပါပဲ။

zawgyi

ဂိုးသွင်းပွဲတော်ကြီးကျင်းပမယ့် ဂျာမနီနဲ့ဂျပန်


ဂျာမနီ နှင့် ဂျပန်(ည ရး၃၀)(မော်ကွန်း)

