
စနေ အပိုင်တွစ်ကွက်ရွေးချယ်မှု
Diamond Seven
မိန့်ဇ် – ဟော့ဖန်ဟိမ်း
မိန့်ဇ်
မိန့်ဇ်ရဲ့ခြေစွမ်းထက်မြက်မှုကလတ်တလောမှာတော့ထိပ်တန်းအဆင့်ဖြစ်နေပြီးအိမ်ကွင်း ၊အဝေးကွင်းမရွေးအရမ်းကောင်းမွန်နေတာတွေ့ရတယ်။ အော့စ်ဘတ်၊ လေဗာကူဆင်၊ ဂလက်ဘတ်တို့နဲ့ နောက်ဆုံး ၃ပွဲဆက်အနိုင်ရခဲ့ရာမှာတိုက်စစ်ကတစ်ပွဲ ၃ဂိုးနဲ့အထက်သွင်းယူနိုင်ပြီးဂိုးသွင်းခြေစွမ်းထက်မြက်လွန်းနေတယ်။လီဂျေဆန်၊ အင်ဗက်ဆန်၊ အဂျော်ကွီ တို့ရဲ့ တိုက်စစ်ကစားပုံအထူးကောင်းမွန်နေပြီးအိမ်ကွင်းဆိုဂိုးသွင်းခြေပိုတွေ့နေတာမို့ ဟော့ဖန်ဟိမ်းခံစစ်ကိုထိုးဖောက်ဖို့ အခက်အခဲမရှိနိုင်ပါဘူး။အိမ်ကွင်းကစားအားကောင်းကိုဆက်ထိန်းပြီးအနိုင်ရလဒ်ကိုမိန့်ဇ်ဦးတည်ကစားလာမှာပါ။
ဟော့ဖန်ဟိမ်း
ဟော့ဖန်ဟိမ်းကထင်မှတ်မထားလောက်ခြေစွမ်းကျဆင်းသွားတာတွေ့ရပြီးဒုတိယရာသီဝက်ပြန်စပြီးကစားခဲ့တဲ့၈ပွဲစလုံး နိုင်ပွဲမရခဲ့ဘဲ ၇ပွဲအထိတောင်ရှုံးနိမ့်ထားခဲ့တယ်။တိုက်စစ်ပိုင်းစွမ်းဆောင်ရည်အတော်ညံ့ဖျင်းနေပြီးဒိုးဘတ်နဲ့ကရာမာရစ်တို့ တိုက်စစ်ကဂိုးတစ်ဂိုးရအောင်တောင်မနည်းရုန်းကန်နေရတာပါ။ အိန်ဂျယ်လီနိုနဲ့ ကာဒီရာဘတ်တို့ရဲ့တောင်ပံတွေကလည်းကစားအားကျနေတာမို့ မိန့်ဇ်ခံစစ်ကိုထိုးဖောက်ဖို့ဆိုတာလည်းခက်ခဲနေဦးမှာပါ။ ခံ စစ်ကလည်းဒီရာသီမှာ ဂိုးပြန်မပေးရတဲ့ပွဲကခပ်ရှားရှားဖြစ်နေပြီး နောက်ဆုံး ၈ပွဲမှာဆို ၂၂ ဂိုး အထိတောင်ခွင့်ပြုခဲ့ရတဲ့အထိပါပဲ။
ခန့်မှန်းချက်
ပထမအကျော့ဟော့ဖန်ဟိမ်းကွင်းမှာတစ်ယောက်အထုတ်ခံခဲ့ရလို့ ၄-၁ နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာကိုအိမ်ကွင်းမှာမိန့်ဇ်လက်စားပြန်ချေပြတော့မှာပါ။ နောက်ဆုံး ၅ကြိမ်တွေ့ ဆုံမှုမှာလည်းမိန့်ဇ်က ၃ပွဲထိတောင်အနိုင်ရထားခဲ့ပြီးအသာရထားခဲ့တယ်။ အဂျော်ကွီ၊ အင်ဗက်ဆန်တို့ရဲ့ မိန့်ဇ် အိမ်ကွင်းတိုက် စစ်ကိုဟော့ဖန်ဟိမ်းရဲ့အက်ပိုဂူမာ၊ ကာဘတ်၊ ဗော့ဂ် တို့ရဲ့ခံစစ်ပိုင်းကပွဲချိန်ပြည့်ထိန်းချုပ်နိုင်ဖို့ဆိုတာကလည်းအတော်ခက်ခဲနေဦးမှာပါ။လတ်တလော မိန့်ဇ်အိမ်ကွင်းခြေစွမ်းကထက်မြက်နေပြီးအိမ်ကွင်းနောက်ဆုံး ၅ပွဲမှာဆို ၄ပွဲ အထိအနိုင်ရခဲ့တာပါ။ ထိပ်တိုက်တွေ့ဆုံမှုရော၊ ခြေစွမ်းပိုင်းပါအသာရနေပြီးအိမ်ကွင်းမှာအစွမ်းကုန်ရုန်းမယ့်မိန့်ဇ်ကိုသာရွေးချယ်ချင်ပါတယ်။