
အာလင်းဟာလန်းဟာနောက်ထပ်ဟက်ထရစ်တစ်ကြိမ်ထပ်မံသွင်းယူလာပြီးနောက်ပွဲအပြီးတွင်ပွဲဘောလုံးကိုအိမ်သို့မယူဆောင်သွားတော့ဘဲကစားဖော်ကိုပေးရန်ကြိုးပမ်းလာပါတယ်။
အာလင်းဟာလန်းဟာမနေ့ညတုန်းကအီတီဟတ်ကွင်းတွင်ဗင်းဆင့်ကွန်ပနီရဲ့ဘန်လေကိုမန်စီးတီးက၆-၀ဂိုးဖြင့်အနိုင်ရရှိကာအက်ဖ်အေဖလားဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့တဲ့ပွဲတွင်လည်းဟက်ထရစ်တစ်ကြိမ်ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။
သူဟာကြားရက်တုန်းကလည်းလိုက်ဇစ်ကို၇-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်၅ဂိုးအထိသွင်းယူခဲ့သူဖြစ်ပါတယ်။
အာလင်းဟာလန်းဟာမနေ့ညတုန်းကဘန်လေနှင့်ပွဲအပြီးတွင်ပွဲဘောလုံးကိုအိမ်သို့မယူဆောင်သွားတော့ဘဲ ကစားဖော်ဖြစ်တဲ့ဂျက်ဂရဲလ်လစ်ရှ်ကိုအမှတ်တရပေးလာခဲ့ပါတယ်။
အသက်၂၂နှစ်ရှိနော်ဝေတိုက်စစ်မှူးဟာဒိုင်လူကြီးထံမှပွဲဘောလုံးရရှိလာခဲ့ပါတယ်။သူဟာနေအိမ်တွင်ဟက်ထရစ်ဘောလုံးများစွာရှိနေမှုနှင့်အတူကစားဖော်ဂျက်ဂရဲလ်လစ်ရှ်ကိုပေးလာခဲ့တာတွေ့ရပါတယ်။
အာလင်းဟာလန်းဟာယခုရာသီတွင်မန်စီးတီးအတွက်ဟက်ထရစ်၆ကြိမ်အထိသွင်းထားနိုင်ပြီးပြိုင်ပွဲအရပ်ရပ်တွင်၃၇ပွဲကစားထားရာမှာ၄၂ဂိုးအထိသွင်းထားနိုင်ပါတယ်။
ZawGyi
ဟက်ထရစ်များစွာ သွင်းထားပြီးနောက် ဟက်ထရစ်ဘောလုံးကို ကစားဖော်များကို ပေးရန် ကြိုးစားလာတဲ့ အာလင်းဟာလန်း