အဝေးကွင်းရာနှုန်းပြည့်စံချိန်ကိုတော့ အပျက်ခံမှာမဟုတ်တဲ့ လက်ရှိချန်ပီယံ

စနေည စပိန်လာလီဂါပွဲစဉ်-၈ ပွဲကြိုသုံးသပ်ချက်

ဂီတာဖေး နှင့် ရီးရဲလ်(ည ၁း၃၀)(ဆရာစော)

အဆင့် ၁၄ နေရာကဂီတာဖေးဟာနောက်ဆုံးအိမ်ကွင်းပွဲမှာဗယ်လာဒိုးလစ်ကို ၃-၂ နဲ့ရှုံးထားတာပါ။သူတို့ဟာအရင်လိုခံစစ်အားကောင်းအသင်းမဟုတ်တော့ဘဲ ရာသီအစောပိုင်းတုန်းကလည်းအိမ်ကွင်းမှာပဲ တီကိုကို ၃ ဂိုးပြတ်နဲ့ရှုံးထားပါတယ်။

ပြီးခဲ့တဲ့အပတ်ကသရေရလဒ်ကြောင့်အမှတ်ပေးဇယားဒုတိယနေရာဆင်းလိုက်ရတဲ့ ရီးရဲလ်ကတော့ဒီရာသီမှာအဝေးကွင်းပွဲတိုင်းနိုင်ထားတာပါ။ဘင်ဇီ မာတို့ရဲ့သွင်းဂိုးတွေကိုသာရေတွက်ရမယ်။

zawgyi




