ဘီဘီစီဟာအက်ဖ်အေဖလားပြိုင်ပွဲတိုက်ရိုက်ထုတ်လွှင့်စဉ်လိင်ဆက်ဆံသံများထွက်ပေါ်လာမှုအတွက်တောင်းပန်ခဲ့ရ

ဘီဘီစီဟာအက်ဖ်အေဖလားပြိုင်ပွဲတိုက်ရိုက်ထုတ်လွှင့်စဉ်လိင်ဆက်ဆံသံများထွက်ပေါ်လာမှုအတွက်တောင်းပန်ခဲ့ရပါတယ်။

အင်္ဂါနေ့တုန်းကဝုဗ်နှင့်လီဗာပူးတို့ရဲ့အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်ကိုအင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဂယ်ရီလိုင်နီကာတင်ဆက်နေစဉ် နောက်ကွယ်မှလိင်ဆက်ဆံသံထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

ယင်းနောက်ဂယ်ရီလိုင်နီကာကစက်တွင်ကပ်ထားတဲ့မိုဘိုင်းဖုန်းတစ်လုံးကိုတွေ့ရှိကြောင်းဓာတ်ပုံရိုက်ကူးကာပို့စ်တင်ခဲ့ပါတယ်။

ယခုအခါမှာတော့ YouTube တွင်ဟာသပို့စ်များတင်တဲ့Jarvo69 ကဘီဘီစီရဲ့ဘောလုံးပွဲသုံးသပ်သူများရှက်စရာကြုံတွေ့ရအောင်သူလုပ်ဆောင်ခဲ့တာဖြစ်ကြောင်းဝန်ခံလာပါတယ်။

သူဟာအခြားသူတစ်ဦးနှင့်အတူ ဝုဗ်ကွင်းရှိ ဘီဘီစီရုပ်သံလွှင့်ခန်းသို့ဝင်ရောက်ပြီး တိုက်ရိုက်ထုတ်လွှင့်ချိန်တွင်လိင်ဆက်ဆံသံထွက်ပေါ်လာအောင်လုပ်ဖို့ဖုန်းတစ်လုံးထားခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

ဘီဘီစီရဲ့အက်ဖ်အေဖလားတိုက်ရိုက်ထုတ်လွှင့်မှုတွင် ပွဲကြမ်းသံထွက်လာအောင် လုပ်ခဲ့တဲ့ YouTube နောက်ပြောင်သူ




