တနင်္ဂနွေညအတွက် Diamond Seven ရဲသုံးသပ်ချက်

တနင်္ဂနွေအပိုင်တစ်ကွက်ရွေးချယ်မှု

Diamond Seven

အင်တာမီလန်-ဂျူဗင်တပ်

ပြီးခဲ့တဲ့အပတ် တနင်္ဂနွေ အပိုင်တစ်ကွက်အဖြစ် ဆီဗီလာရွေးချယ်ခဲ့မှုမှာ ၂-၁နဲ့ အနိုင်ရခဲ့လို့ ကျေနပ်မှုရရှိကြမယ် ထင်ပါတယ်။ ယခုတစ်ပတ်မှာလည်း စီးရီးအေပွဲစဉ်များထဲမှ အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ အင်တာမီလန်-ဂျူဗင်တပ် ပွဲစဉ်ကနေ ရွေးချယ်ပေးချင်ပါတယ်။

အင်တာမီလန်

အင်တာမီလန်ကချန်ပီယံလိဂ်မှာ ပေါ်တိုကိုကျော်ဖြတ်ပြီးကွာတားအဆင့်တက်နိုင်ထားခဲ့ပေမယ့် စီးရီးအေမှာတော့ နိုင်လိုက်၊ ရှုံးလိုက်နဲ့ခြေစွမ်းမှန်မပြနိုင်သေးပါဘူး။ ဘိုလော့ဂ်နာ၊ စပီဇီယာတို့လို အသင်းတွေကိုရှုံးခဲ့တာကိုကြည့်ရင် ခြေစွမ်းအားနည်းမှု သိနိုင်ပါတယ်။ ဒီဇီကို၊ မာတီနက်ဇ်၊ လူကာကူတို့ရဲ့ တိုက်စစ်ကလည်းတစ်ပွဲ ၁ဂိုးတောင်မနည်းရုန်းနေရပြီးခံစစ်မာတဲ့အသင်းတွေနဲ့ဆိုလည်းအတော့်ကို ရုန်းကန်ခဲ့ရတာတွေ့ရပါတယ်။ နောက်ဆုံး ၅ပွဲမှာအင်တာတိုက်စစ်က၂ဂိုးသွင်းနိုင်တာ၁ပွဲသာရှိခဲ့တာမို့ ဂျူဗင်တပ်လိုစီးရီးအေရဲ့ခံစစ်အကောင်းဆုံးစာရင်းဝင်အသင်းကိုဂိုးသွင်းဖို့လည်းခက်ခဲနေဦးမှာပါ။ ဒါပေမဲ့ခံစစ်ပိုင်းကတော့ပြန်လည်တည်ငြိမ်နေပြီးအိမ်ကွင်းဆိုအတော့်ကစားအားကောင်းနေတာမို့ ဗလာဟိုဗစ်တို့ရဲ့တိုက်စစ်ကိုလည်းကောင်းကောင်းထိန်းချုပ်နိုင်မှာပါ။

ဂျူဗင်တပ်

ဂျူဗင်တပ်ကလည်းဖရိုင်းဘတ်ကို ၂ကျော့လုံးအနိုင်ရကာယူရိုပါလိဂ်မှာကွာတားအဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့တစ်ယောက် အသာနဲ့ ဒုတိယပိုင်းတစ်ပိုင်းလုံးကစားခဲ့ရတာတောင်၁ဂိုးသာထပ်ရခဲ့ပြီးဂျူဗင်တပ်တို့ရဲ့တိုက်စစ်ကထိထိရောက်ရောက်ထိုးဖောက်မှုတောင်မလုပ်နိုင်ခဲ့ဘူး။ မွိုင်ဆီကိန်းလည်းပွဲပယ်ခံထားရတာမို့ အခုပွဲမှာဂျူဗင်တပ်တိုက်စစ်ပိုင်းအားနည်းနေမှာဖြစ်ပြီးမီလစ်နဲ့ ဒီမာရီယာတို့ရဲ့ ကွင်းလယ်ကတိုးအားတွေကိုသာမျော်လင့်ရမှာပါ။ဒါပေမဲ့ဂျူဗင်တပ်ခံစစ်ကတော့ ဒီရာသီမှာနာပိုလီ ပြီးရင်အကောင်းဆုံးဖြစ်နေတာမို့ အင်တာတိုက်စစ်ကိုလည်း ထိန်းချုပ်ထားနိုင်ဦးမှာပါ။

ခန့်မှန်းချက်

ကြားရက်မှာနှစ်သင်းစလုံးဥရောပပွဲတွေကစားခဲ့ရလို့ ပွဲပန်းမူအနည်းငယ်ရှိနေမှာသေချာပါတယ်။ အသင်းကြီးအချင်းချင်းတွေ့ဆုံမှုမှာတစ်သင်းဂိုးရတာနဲ့ထိန်းကစားကြမှာသေချာလို့ ဂိုးအောက်ကိုသာရွေးချယ်ချင်ပါတယ်။