ဆာမူရိုင်းပရိသတ်လုပ်မယ်

တနင်္လာည ၂၀၂၂ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲကြိုသုံးသပ်ချက်

ဂျပန် နှင့် ခရိုအေးရှား (ည ၉း၃၀)(မော်ကွန်း)

ဒီကမ္ဘာ့ဖလားရဲ့အံ့အားသင့်စရာအကောင်းဆုံးကဂျပန်ဖြစ်နေပြီးစပိန်နဲ့ဂျာမနီတို့လိုကမ္ဘာ့ချန်ပီယံဟောင်းတွေကိုအနိုင်ယူပြီး ၁၆ သင်းအဆင့်တက်လာတာပါ။ပြီးခဲ့တဲ့ ၄ နှစ်ရုရှားကမ္ဘာ့ဖလာတုန်းကဗိုလ်လုပွဲရောက်ခဲ့တဲ့ခရိုအေးရှားကလည်းဒီနှစ်ပြိုင်ပွဲမှာရှုံးပွဲမရှိသေးပါဘူး။တစ်ခုရှိတာကခရိုအေးရှားဟာရုရှားကမ္ဘာ့ဖလားတုန်းကလိုခြေစွမ်းမျိုးမဟုတ်တော့တာပါ။

မိုဒရစ်ကအရွယ်ရလာပြီဖြစ်သလိုသူတို့တိုက်စစ်မှာလည်းပုံမှန်ဂိုးသွင်းပေးမယ့်သူမရှိပါဘူး။ဂျပန်ကတော့စိတ်ပိုင်းဆိုင်ရာအမြင့်ဆုံးအနေအထားမှာရှိနေသလိုဒီနှစ်ပြိုင်ပွဲမှာ super sub တွေနဲ့ အလုပ်ဖြစ်နေပါတယ်။နောက်ထပ်ကမောက်ကမရလဒ်ဖန်တီးနိုင်စွမ်းရှိတဲ့ ဆာမူရိုင်းပရိသတ်လုပ်မယ်။

zawgyi

အံ့အားသင့်စရာတွေလုပ်ပြဦးမယ့် ဆာမူရိုင်း



