ချန်ပီယံလိဂ်ပြိုင်ပွဲတွင်ဘယ်အသင်းချန်ပီယံမလဲဆိုတာဟောကိန်းထုတ်လာတဲ့စူပါကွန်ပြူတာ

စူပါကွန်ပျူတာဟာယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင်ဘယ်အသင်းချန်ပီယံဖြစ်လာမယ်ဆိုတာဟောကိန်းထုတ်လာပါတယ်။ချဲလ်ဆီးပရိသတ်တွေအတွက်ကတော့သတင်းဆိုးကြိုဆိုနေပါတယ်။

မန်စီးတီးနှင့်ချဲလ်ဆီးတို့ဟာချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင်ကျန်ခဲ့တဲ့နှစ်သင်းတည်းသောအင်္ဂလန်အသင်းဖြစ်ပြီးလီဗာပူးနှင့်စပါးစ်တို့မှာ၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာထားရပြီးဖြစ်ပါတယ်။

ပက်ဂွါဒီယိုလာရဲ့မန်စီးတီးဟာချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင်ဘိုင်ယန်မြူးနစ်နှင့်ထိပ်တိုက်တွေ့နေပြီးချဲလ်ဆီးကလက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်နှင်ထိပ်တိုက်တွေ့နေပါတယ်။

ဒါပေမဲ့စူပါကွန်ပျူတာကမန်စီးတီးအသင်းမှာဇွန်လ၁၀ရက်နေ့တွင်အစ္စတန်ဘူလ်တွင်ချန်ပီယံလိဂ်ဖလားကိုသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ်ကိုင်မြှောက်နိုင်မယ်လို့ဆိုလာပါတယ်။

တဖက်တွင်ချဲလ်ဆီးကတော့ချန်ပီယံလိဂ်ပြိုင်ပွဲတွင်ရေပန်းစားမှုအနည်းဆုံးအသင်းအဖြစ် အေစီမီလန်ပြီးလျှင်ရပ်တည်နေပါတယ်။

FiveThirtyEight ကဂရေဟမ်ပေါ်တာရဲ့အသင်းကိုချန်ပီယံလိဂ်ချန်ပီယံဖြစ်ရန်အခွင့်အရေး၅ရာခိုင်နှုန်းတည်းသာရှိကြောင်းဆိုထားပါတယ်။

မန်စီးတီးကတော့ချန်ပီယံလိဂ်ချန်ပီယံဖြစ်ရန်အခွင့်အရေးအများဆုံးအသင်းအဖြစ်၂၈ရာခိုင်နှုန်းဖြင့်ရပ်တည်နေပါတယ်။၎င်းတို့ရဲ့ပြိုင်ဘက်ဘိုင်ယန်မြူးနစ်က၁၈ရာခိုင်နှုန်းဖြင့်ဒုတိယနေရာမှာရပ်တည်နေပါတယ်။

စီးရီးအေအမှတ်ပေးဇယားကို၁၈မှတ်ဖြတ်ကာဦးဆောင်နေတဲ့နာပိုလီက၁၇ရာခိုင်နှုန်းဖြင့်ရပ်တည်နေပြီးလက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်က၁၃ရာခိုင်နှုန်းဖြင့်စတုတ္ထနေရာမှာရပ်တည်နေပါတယ်။

၎င်းတို့ရဲ့နောက်တွင်ဘင်ဖီကာ(၁၀ရာခိုင်နှုန်း)၊အင်တာမီလန်(၆ရာခိုင်နှုန်း)၊ချဲလ်ဆီး(၅ရာခိုင်နှုန်း)၊အေစီမီလန်(၃ရာခိုင်နှုန်း)အသီးသီးရပ်တည်နေပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မဲခြဲမႈ ထြက္ေပၚလာၿပီးေနာက္ ဘယ္အသင္း ခ်န္ပီယံျဖစ္မလဲ စူပါကြန္ပ်ဴတာေဟာကိန္းထုတ္လာ

စူပါကြန္ပ်ဴတာဟာယခုႏွစ္ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတြင္ဘယ္အသင္းခ်န္ပီယံျဖစ္လာမယ္ဆိုတာေဟာကိန္းထုတ္လာပါတယ္။ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ကေတာ့သတင္းဆိုးႀကိဳဆိုေနပါတယ္။

မန္စီးတီးႏွင့္ခ်ဲလ္ဆီးတို႔ဟာခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္တြင္က်န္ခဲ့တဲ့ႏွစ္သင္းတည္းေသာအဂၤလန္အသင္းျဖစ္ၿပီးလီဗာပူးႏွင့္စပါးစ္တို႔မွာ၁၆သင္းရႈံးထြက္အဆင့္မွထြက္ခြာထားရၿပီးျဖစ္ပါတယ္။

ပက္ဂြါဒီယိုလာရဲ႕မန္စီးတီးဟာခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္တြင္ဘိုင္ယန္ျမဴးနစ္ႏွင့္ထိပ္တိုက္ေတြ႕ေနၿပီးခ်ဲလ္ဆီးကလက္ရွိခ်န္ပီယံရီးရဲလ္မက္ဒရစ္ႏွင္ထိပ္တိုက္ေတြ႕ေနပါတယ္။

ဒါေပမဲ့စူပါကြန္ပ်ဴတာကမန္စီးတီးအသင္းမွာဇြန္လ၁၀ရက္ေန႔တြင္အစၥတန္ဘူလ္တြင္ခ်န္ပီယံလိဂ္ဖလားကိုသမိုင္းတစ္ေလွ်ာက္ပထမဆုံးအႀကိမ္အျဖစ္ကိုင္ေျမႇာက္ႏိုင္မယ္လို႔ဆိုလာပါတယ္။

တဖက္တြင္ခ်ဲလ္ဆီးကေတာ့ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတြင္ေရပန္းစားမႈအနည္းဆုံးအသင္းအျဖစ္ ေအစီမီလန္ၿပီးလွ်င္ရပ္တည္ေနပါတယ္။

FiveThirtyEight ကဂေရဟမ္ေပၚတာရဲ႕အသင္းကိုခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ရန္အခြင့္အေရး၅ရာခိုင္ႏႈန္းတည္းသာရွိေၾကာင္းဆိုထားပါတယ္။

မန္စီးတီးကေတာ့ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ရန္အခြင့္အေရးအမ်ားဆုံးအသင္းအျဖစ္၂၈ရာခိုင္ႏႈန္းျဖင့္ရပ္တည္ေနပါတယ္။၎တို႔ရဲ႕ၿပိဳင္ဘက္ဘိုင္ယန္ျမဴးနစ္က၁၈ရာခိုင္ႏႈန္းျဖင့္ဒုတိယေနရာမွာရပ္တည္ေနပါတယ္။

စီးရီးေအအမွတ္ေပးဇယားကို၁၈မွတ္ျဖတ္ကာဦးေဆာင္ေနတဲ့နာပိုလီက၁၇ရာခိုင္ႏႈန္းျဖင့္ရပ္တည္ေနၿပီးလက္ရွိခ်န္ပီယံရီးရဲလ္မက္ဒရစ္က၁၃ရာခိုင္ႏႈန္းျဖင့္စတုတၳေနရာမွာရပ္တည္ေနပါတယ္။

၎တို႔ရဲ႕ေနာက္တြင္ဘင္ဖီကာ(၁၀ရာခိုင္ႏႈန္း)၊အင္တာမီလန္(၆ရာခိုင္ႏႈန္း)၊ခ်ဲလ္ဆီး(၅ရာခိုင္ႏႈန္း)၊ေအစီမီလန္(၃ရာခိုင္ႏႈန္း)အသီးသီးရပ္တည္ေနပါတယ္။