ဆရာမသီရိရှင်းသန့်ရဲ့ ဗုဒ္ဓဟူးညခန့်မှန်းများ

BCF(5)✓

စိတ်ကူးများနှင့်ထပ်တူမကျအောင်ပြုစားတတ်လွန်းသောချန်ပီယံလိဒ်ညများဆီသို့

သုံးသပ်ရေးသားသူ(သီရိရှင်းသန့်)

BCF(3)Real Madrid(2+45,3-85) Vs Celtic FC

အဆိုပါဈေးကွက်မျိုးဖြင့်လီပါပူး(၁:၂)လိဒ် ရလာဒ်ထွက်ပေါ်ခဲ့ခြင်းအားစာရေးသူအနေဖြင့်မေ့ထားလို့တော့မရပါဘူး။အုပ်စုဗိုလ်ဖြစ်ခွင့်ရရှိရေးဟာ မက်ဒရစ်အတွက်အင်မတန်မှအရေးကြီးနေတာမှန်သော်လည်းလိုက်ဇစ်အနေဖြင့်ရှက်တာဒိုးနက်အားအနိုင်ယူသွားမှသာရီလ်ရဲလ်အနေဖြင့်ပြိုင်ဘက်အားမဖြစ်မနေအနိုင်ကစားရမှာပါ။

တကယ်တော့လိုက်ဇစ်အနေဖြင့်မျှော်လင့်ချက်အပြည့်အဝရှိနေသောရှက်တာဒိုးနက်အသင်းအားအလွယ်တကူဖြတ်ကျော်ဖို့ဆိုတာထင်သလောက်တော့ မလွယ်ကူနိုင်ပါဘူး။အကြောင်းကတော့ရှက်တာဒိုးနက်အသင်းဟာယူကရိန်းမှာစစ်ဖြစ်နေတာမို့ ပိုလန်၏ကြားကွင်းအားအသုံးပြုကာလိုက်ဇစ်အားမဖြစ်မနေအနိုင်ကစားလာနိုင်သည့်အချက်ကြောင့်ပါပဲ။

စကော့တလန်အသင်းတွေဟာအသည်းကောင်းသလို၊မာဂုဏ်တွေအပြည့်ရှိနေသော်ငြားဒီဘက်နှစ်မှာတော့ဥရောပ၏ကျဆုံးခန်းလို့တင်စားရလောက်အောင်ခြေစွမ်းတွေပျက်ယွင်းနေကြောင်းဝါသနာရှင်များလည်းသတိပြုမိပါလိမ့်မည်။ဆန်တီယာဂိုဘာနေဗျူး၏ဝိဉာဉ်ဟာချန်ပီယံလိဒ်ဖလား၏နားခိုရာနေရာစစ်စစ်ပါ။

သို့ပေမယ့်ကက်စ်မဲရိုးထွက်ခွာသွားပြီးနောက်ပိုင်းကာမာဗင်ဂါဖြင့်အလုပ်မဖြစ်တော့သည့်အနေအထားကြောင့်သက်ကြီးကစားသမားများဖြစ်သည့်တိုနီခရူးစ်တင်မကလူကာမိုဒရစ်ပါထပ်မံ၍ အဆိုပါကွက်လပ်အားလိုက်လံပြီးအားဖြည့်နေရကြောင်းကြယ်စင်စုပရိတ်သတ်များလည်းမျက်ဝါးထင်ထင်ဖြင့် မြင်တွေ့ရပါလိမ့်မည်။စာရေးသူကတော့ယခုပွဲစဉ်အတွက် ” Goal Down ” ရိုက်ကွက်ကိုသာအဖော်ပြုပါမည်။