
ဂန်းနားတို့ကိုရပ်တန့်စေမယ့်မိုးပြာရောင်တပ်ဖွဲ့
သောကြာည အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲကြိုသုံးသပ်ချက် မန်စီးတီး နှင့် အာဆင်နယ်(ည ၂း၃၀)(မော်ကွန်း) ဒီရာသီချန်ပီယံဆုအတွက်အဓိကပြိုင်ဆိုင်ရမယ့်ပရီးမီးယားလိဂ်ထိပ်ဆုံးနှစ်သင်းဟာအက်ဖ်အေဖလားမှာတော့အစောပိုင်းအဆင့်မှာတင်ထိပ်တိုက်တွေ့နေကြပါတယ်။သူတို့နှစ်သင်းကြားကဒီရာသီပထမဆုံးအကြိမ်တွေ့ဆုံမှုလည်းဖြစ်နေတာပါ။စီးတီးဟာရာသီပြန်စကတည်းက ကစားရတဲ့အိမ်ကွင်း ၅ ပွဲမှာ ၄ ပွဲနိုင်ထားပြီးဂန်းနားတို့ကလည်းပြိုင်ပွဲအရပ်ရပ်နောက်ဆုံးအဝေးကွင်း ၅ ပွဲစလုံးကိုနိုင်ထားပါတယ်။ ဒါပေမဲ့ဂွါဒီယိုလာရဲ့အသင်းဟာအာဆင်နယ်နဲ့နောက်ဆုံး ၁၃ ပွဲမှာ ၁၂ ပွဲနိုင်ခဲ့လို့ အာတီတာရဲ့အသင်းကိုငယ်နိုင်လိုဖြစ်ခဲ့တာပါ။ဂန်းနားတို့ကိုရပ်တန့်စေမှာကဟာလန်းတို့မိုးပြာရောင်တပ်ဖွဲ့ဖြစ်ပါတယ်။ zawgyi ဂန်းနားတို့ကို ရပ်တန့်စေမယ့် […]