
မော်ရိုကိုခံစစ်ကောင်းသလိုအချိန်ပိုအထိ ရောက်သွားနိုင်လို့ အာဖရိကအသင်းနဲ့သာစွန့်စားမယ်
အင်္ဂါည ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲကြိုသုံးသပ်ချက် မော်ရိုကို နှင့် စပိန်(ည ၉း၃၀)(မော်ကွန်း) ဘယ်လ်ဂျီယံနဲ့ ခရိုအေးရှားတို့လိုအသင်းတွေပါတဲ့အုပ်စုမှာရှုံးပွဲမရှိနဲ့အုပ်စုဗိုလ်ဖြစ်ခဲ့တာဆိုတော့မော်ရိုကိုဟာအမှန်အကန်ကိုချီးကျူးစရာပါ။သူတို့ဟာ ပြီးခဲ့တဲ့စက်တင်ဘာကမှခန့်အပ်ခဲ့တဲ့နည်းပြသစ်ရီဂရာဂူလက်ထက်မှာရှုံးပွဲလည်းမရှိသေးပါဘူး။ ဒါ့အပြင်အာဖရိကအသင်းကတန်ပြန်တိုက်စစ်ကောင်းတဲ့အတွက်စပိန်အတွက်သတိထားစရာလည်း ဖြစ်နေတယ်။ စပိန်ကဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပြိုင်ဘက်ကို စီးစီးပိုးပိုးကစားတတ်ပေမယ့်ဂျာမနီနဲ့ဂျပန်တို့ကို ဂိုးပြန်ပေးခဲ့ရတာပါ။အရင်တွေ့ဆုံမှု ၃ ကြိမ်စလုံးမှာတော့စပိန်ကမော်ရိုကိုကို မရှုံးခဲ့ဘဲ ၂ ပွဲနိုင်၊ ၁ ပွဲသရေကျထားပါတယ်။ဒါပေမဲ့ […]