ဗုဒ္ဓဟူးည ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက် ပြင်သစ် နှင့် မော်ရိုကို(ည ၁း၃၀)(မော်ကွန်း) ပြင်သစ်ဟာသူတို့သမိုင်းတစ်လျှောက်၇ကြိမ်မြောက်အဖြစ်ကမ္ဘာ့ဖလားဆီမီးကိုတက်ရောက်နိုင်ခဲ့တာဖြစ်သလိုချန်ပီယံဆုကာကွယ်နိုင်ဖို့ကလည်းနီးစပ် သထက်နီးစပ်လာတာပါ။ကာတာပြိုင်ပွဲကသူတို့ရဲ့ဖြတ်သန်းမှုမှာလည်းအမှတ်မလိုတော့လို့အရန်တွေနဲ့ကစားခဲ့တဲ့တူနီးရှားနဲ့တစ်ပွဲသာဂိုးမသွင်းနိုင်တာဖြစ်ပြီးဂီရော့ဒ်တို့တိုက်စစ်ကကျန်တဲ့ပွဲတိုင်းမှာအနိမ့်ဆုံး ၂ ဂိုးနှုန်းသွင်းနိုင်ခဲ့ပါတယ်။ကမ္ဘာ့ဖလားမှာပထမဆုံးဆီမီးတက်တဲ့အာဖရိကအသင်းဖြစ်လာတဲ့မော်ရိုကိုကလည်းကာတာမှာအံ့အားသင့်ဖွယ်ရာတွေဆက်တိုက်လုပ်ပြထားတာပါ။ မော်ရိုကိုဟာဒီပြိုင်ပွဲမှာခံစစ်အကောင်းဆုံးအသင်းဖြစ်နေပြီးအခုချိန်ထိ ၁ ဂိုးသာပေးထားရသေးသလိုအဲဒီတစ်ဂိုးကလည်း OG ဂိုးသာဖြစ်ပါတယ်။ ဒါပေမဲ့မော်ရိုကိုမှာခံစစ်ပိုင်းကအဓိကကစားသမားအချို့ဟာဒဏ်ရာနဲ့ပွဲပယ်ရှိနေတာပါ။အဲဒါကဘက်ပီနဲ့ဂီရော့ဒ်တို့ရဲ့ပြင်သစ်တိုက်စစ်အတွက်အခွင့်ကောင်းဖြစ်နိုင်ပါတယ်။အတွေ့အကြုံနဲ့အရည်အသွေးပိုင်းပြောစရာမလိုတဲ့လက်ရှိချန်ပီယံအသင်း မိနစ် ၉၀ အတွင်းစာရင်းဖြတ်နိုင်မှာပါ။ zawgyi မော်ရိုကိုကို တားဆီးနိုင်စွမ်းရှိတဲ့ လက်ရှိချန်ပီယံ ဗုဒ္ဓဟူးည […]