တနင်္ဂနွေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၈ ပွဲကြိုသုံးသပ်ချက် အာဆင်နယ် နှင့် ပဲလေ့စ်(ည ၈း၃၀)(စိုင်းကိုတောင်ကြီး) ကိုယ့်ပရိသတ်ရှေ့မှောက်ပဲစပို့တင်းကိုပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးပြီးယူရိုပါလိဂ်ကထွက်ရတာဟာဂန်နားတို့အတွက်ကြေကွဲစရာပါ။ပိုဆိုးတာကအဲဒီပွဲရဲ့အစောပိုင်းမှာပဲနောက်တန်းကတိုမီယာဆုနဲ့ဆာလီဘာတို့ဒဏ်ရာရသွားကြပြီးမိနစ် ၁၂၀ကစားခဲ့ရလို့လည်းပွဲပန်းမှုရှိနိုင်ပါတယ်။အာတီတာရဲ့အသင်းဟာပရီးမီးယားလိဂ်မှာနောက်ဆုံး ၅ ပွဲဆက်နိုင်ထားပေမယ့်နောက်ဆုံးအိမ်ကွင်းပွဲမှာဘုန်းမောက်ကို ၉၇ မိနစ်ဂိုးနဲ့သာကပ်နိုင်ခဲ့တာပါ။ လင်းယုန်တွေကတော့ ၂၀၂၃ ထဲမှာအခုထိနိုင်ပွဲမရသေးတဲ့တစ်သင်းတည်းသောပရီးမီးယားလိဂ်ကလပ်ဖြစ်ပေမယ့်ဒီနှစ်ထဲမှာအသင်းကြီးတိုင်းကိုအ ခက်တွေ့စေနိုင်ခဲ့ပါတယ်။မကြာသေးခင်ကမန်စီးတီးကိုဟာလန်းရဲ့တစ်လုံးတည်းသောပင်နယ်တီဂိုးနဲ့သာကပ်ရှုံးခဲ့ပြီးအဲဒီအရင်မှာလည်းလီဗာပူးကို ဂိုးမရှိသရေကန်ခဲ့တာပါ။ဒါ့အပြင်အာဆင်နယ်အိမ်ကွင်းပဲလေ့စ်နဲ့နောက်ဆုံးတွေ့ဆုံမှု ၃ ပွဲစလုံးကလည်းသရေနဲ့အဆုံးသတ်ထားတယ်။လင်းယုန်တွေအမြင့်ပျံနိုင်မယ့်လန်ဒန်ဒါဘီပါ။ zawgyi လင်းယုန်တွေ အမြင့်ပျံနိုင်မယ့် လန်ဒန်ဒါဘီ တနင်္ဂနွေည […]