
ဗုဒ္ဓဟူးည ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်
ဘယ်လ်ဂျီယံ နှင့် ကနေဒါ(ည ၁း၃၀)(မော်ကွန်း)
ဘယ်လ်ဂျီယံရဲ့ရွှေရောင်မျိုးဆက်အတွက်ကမ္ဘာ့ဖလားမှာဗိုလ်စွဲနိုင်မယ့်နောက်ဆုံးအခွင့်အရေးပါ။ဒါပေမဲ့တိုက်စစ်မှာလူကာကူဒဏ်ရာရနေတဲ့ဘယ်လ်ဂျီယံရဲ့ဒီနှစ်ထဲကရလဒ်တွေကတော့သိပ်ပြီးအားရစရာမကောင်းလှပါဘူး။ကနေဒါကတော့ ၃၆နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်ကမ္ဘာ့ဖလားမှာပါ၀င် ဆင်နွှဲရတာပါ။
ဒါပေမဲ့သူတို့ဟာလူစာရင်းအရငယ်ရွယ်သလိုအတွေ့အကြုံပိုင်းလည်းအားနည်းပါတယ်။ဒါကြောင့်ဒီဘရိုင်းတို့အသင်းအနေနဲ့ အုပ်စုအဖွင့်မှာအများကြီးအခက်အခဲမရှိနိုင်ပါဘူး။နောက်ဆုံကမ္ဘာ့ဖလားတုန်းကလိုဂိုးပြတ်နိုင်ပွဲနဲ့ ဘယ်လ်ဂျီယံစဖွင့်နိုင်မှာပါ။
zawgyi