ဘိုင်ယန်အဝတ်အစားလဲခန်းအတွင်းတွင်စပိုင်ရှိနေပြီ

ဘိုင်ယန်မြူးနစ်နည်းပြနီဂယ်နာဂျယ်မန်းဟာအသင်းရဲ့နည်းစနစ်ပိုင်း ပေါက်ကြားလာမှုနှင့်အတူအသင်းရဲ့အဝတ်အစားလဲခန်းအတွင်းတွင်စပိုင်ရှိနေမှုအတွက်အကြီးအကျယ်ဒေါသထွက်နေပါတယ်။

ယခုအပတ်အစောပိုင်းတုန်းကဂျာမန်သတင်းစာ Sport Bild ကဘိုင်ယန်မြူးနစ်နည်းပြအဖွဲ့ကကစားသမားများကိုညွှန်ကြားထားတဲ့နည်းဗျူဟာမှတ်တမ်းကိုဖွင့်ချခဲ့ပါတယ်။

ယင်းမှတ်တမ်းတွင်ကစားသမားတစ်ဦးစီလုပ်ဆောင်ရမဲ့အထူးနည်းဗျူဟာပိုင်းပါဝင်သလို ကွဲပြားတဲ့အခြေအနေတွင်ကစားသမားတစ်ဦးချင်းစီတိုင်းလုပ်ဆောင်ရမဲ့အချက်များလည်းပါဝင်ပါတယ်။

ယင်းမှတ်တမ်းတွင်ယင်းဗျူဟာကို Joker လို့အမည်ပေးထားတာတွေ့ရပါတယ်။၎င်းတို့ဟာပြိုင်ဘက်အသင်းကိုအံ့ဩသင့်အောင်လုပ်ရန်အတွက်ရည်ရွယ်ပြီးယင်းဗျူဟာကိုအမည်ပေးထားတာလို့ယူဆရပါတယ်။

နာဂျယ်မန်းဟာအသင်းရဲ့နည်းဗျူဟာပေါက်ကြားလာမှုအတွက်အကြီးအကျယ်ဒေါသထွက်နေပါတယ်။

၎င်းက “အရမ်းစိတ်ပျက်မိတယ်။ကစားသမားတစ်ယောက်ချင်းစီတိုင်းကိုထိခိုက်အောင်လုပ်တာပါ။ဒါကသူတို့ရဲ့တကယ့်ရည်ရွယ်ချက်မဟုတ်ပါဘူး။စပိုင်တွေကသူတို့ကပိုပြီးတော့အရေးကြီးတဲ့အချက်ကိုရှာပါလိမ့်မယ်။ကျွန်တော့်အတွက်အရေးအကြီးဆုံးကတော့ကိုယ့်ကိုယ်ကိုယ်မန်မှာပြန်ကြည့်လို့ရတယ်။အဲဒီလူကတော့မှန်မှာကိုယ့်ကိုယ်ကိုယ်ကြည့်ရဲမှာမဟုတ်ဘူး။ဒီလူကဘာလို့ပေါက်ကြားလာအောင်လုပ်လာသလဲဆိုတာစဉ်းစားနေပါတယ်။သူတို့ဘာမျှော်လင့်ထားသလဲ။သူတိ့ရဲ့ရည်ရွယ်ချက်ကိုတော့အတိအကျမသိပါဘူး။ငွေကြေးကြောင့်တောင်မဟုတ်ပါဘူး။ဒါပေမဲ့ပြိုင်ဘက်တွေအတွက်လွယ်ကူသွားစေပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

နည္းစနစ္ပိုင္း ေပါက္ၾကားမႈေၾကာင့္ ဘိုင္ယန္ျမဴးနစ္ အဝတ္အစားလဲခန္းအတြင္း စပိုင္ရွိေနၿပီ

ဘိုင္ယန္ျမဴးနစ္နည္းျပနီဂယ္နာဂ်ယ္မန္းဟာအသင္းရဲ႕နည္းစနစ္ပိုင္း ေပါက္ၾကားလာမႈႏွင့္အတူအသင္းရဲ႕အဝတ္အစားလဲခန္းအတြင္းတြင္စပိုင္ရွိေနမႈအတြက္အႀကီးအက်ယ္ေဒါသထြက္ေနပါတယ္။

ယခုအပတ္အေစာပိုင္းတုန္းကဂ်ာမန္သတင္းစာ Sport Bild ကဘိုင္ယန္ျမဴးနစ္နည္းျပအဖြဲ႕ကကစားသမားမ်ားကိုၫႊန္ၾကားထားတဲ့နည္းဗ်ဴဟာမွတ္တမ္းကိုဖြင့္ခ်ခဲ့ပါတယ္။

ယင္းမွတ္တမ္းတြင္ကစားသမားတစ္ဦးစီလုပ္ေဆာင္ရမဲ့အထူးနည္းဗ်ဴဟာပိုင္းပါဝင္သလို ကြဲျပားတဲ့အေျခအေနတြင္ကစားသမားတစ္ဦးခ်င္းစီတိုင္းလုပ္ေဆာင္ရမဲ့အခ်က္မ်ားလည္းပါဝင္ပါတယ္။

ယင္းမွတ္တမ္းတြင္ယင္းဗ်ဴဟာကို Joker လို႔အမည္ေပးထားတာေတြ႕ရပါတယ္။၎တို႔ဟာၿပိဳင္ဘက္အသင္းကိုအံ့ဩသင့္ေအာင္လုပ္ရန္အတြက္ရည္႐ြယ္ၿပီးယင္းဗ်ဴဟာကိုအမည္ေပးထားတာလို႔ယူဆရပါတယ္။

နာဂ်ယ္မန္းဟာအသင္းရဲ႕နည္းဗ်ဴဟာေပါက္ၾကားလာမႈအတြက္အႀကီးအက်ယ္ေဒါသထြက္ေနပါတယ္။

၎က “အရမ္းစိတ္ပ်က္မိတယ္။ကစားသမားတစ္ေယာက္ခ်င္းစီတိုင္းကိုထိခိုက္ေအာင္လုပ္တာပါ။ဒါကသူတို႔ရဲ႕တကယ့္ရည္႐ြယ္ခ်က္မဟုတ္ပါဘူး။စပိုင္ေတြကသူတို႔ကပိုၿပီးေတာ့အေရးႀကီးတဲ့အခ်က္ကိုရွာပါလိမ့္မယ္။ကြၽန္ေတာ့္အတြက္အေရးအႀကီးဆုံးကေတာ့ကိုယ့္ကိုယ္ကိုယ္မန္မွာျပန္ၾကည့္လို႔ရတယ္။အဲဒီလူကေတာ့မွန္မွာကိုယ့္ကိုယ္ကိုယ္ၾကည့္ရဲမွာမဟုတ္ဘူး။ဒီလူကဘာလို႔ေပါက္ၾကားလာေအာင္လုပ္လာသလဲဆိုတာစဥ္းစားေနပါတယ္။သူတို႔ဘာေမွ်ာ္လင့္ထားသလဲ။သူတိ့ရဲ႕ရည္႐ြယ္ခ်က္ကိုေတာ့အတိအက်မသိပါဘူး။ေငြေၾကးေၾကာင့္ေတာင္မဟုတ္ပါဘူး။ဒါေပမဲ့ၿပိဳင္ဘက္ေတြအတြက္လြယ္ကူသြားေစပါတယ္”လို႔ေျပာၾကားသြားပါတယ္။