
ဂျူဗင်တပ်စတားဟောင်းတစ်ဦးဟာလူစားဝင်ရောက်မကစားမီ ကွင်းအတွင်းသေးပေါက်မှုကြောင့်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။
ဒါပေမဲ့သူ့နည်းပြကတော့သူ့ကစားသမားမှာမည်သူ့ကိုမျှထိခိုက်နစ်နာအောင်ပြုလုပ်ခြင်းမရှိရာအနီကတ်မပြသသင့်ကြောင်းဆိုသွားပါတယ်။
အသက်၂၅နှစ်ရှိခရစ္စတီယန်ဘူနီနိုဟာဂျူဗင်တပ်တွင်သုံးနှစ်ကြာကစားစဉ်အတွင်းတချိန်မှာစတားတစ်ဦးဖြစ်လာမဲ့သူအဖြစ်သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။
ယခုအခါသူဟာစီးရီးစီကလပ်လက်ကိုတွင်ကစားနေပါတယ်။သူဟာပီယန်စင်ဇာနှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်တွင်ခြေစွမ်းပြကစားရန်မျှော်လင့်ထားခဲ့ပေမဲ့လည်းကွင်းအတွင်းမဝင်ရောက်မီမှာပင်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။
သူဟာပွဲပြီးရန်မိနစ်၂၀ဝန်းကျင်ခန့်အလိုတွင် လူစားဝင်ရောက်ရန်ပြင်နေစဉ်မအောင့်နိုင်မအီးနိုင်ဖြစ်လာခဲ့ပြီးနောက်ကွင်းဘေးနားတွင်ပင်သေးပေါက်ခဲ့ပါတယ်။
သူဟာပုန်းချိုးကွယ်ချိုးလုပ်ပေမဲ့လည်းလက်ထောက်ဒိုင်လူကြီးကသိရှိသွားပြီးနောက်ကွင်းအတွင်းဝင်ရောက်ချိန်တွင်ချက်ချင်းပင်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။
နည်းပြဖိုချီကတော့ဘူနီနိုကိုအများဆုံးအဝါကတ်သာပြသသင့်ကြောင်းဆိုသွားပါတယ်။
တကယ်တော့ကွင်းအတွင်းဘောလုံးသမားတွေသေးပေါက်တာထူးဆန်တဲ့ဖြစ်ရပ်တော့မဟုတ်ပါဘူး။ဆဲလ်ဖို့ဒ်ဂိုးသမားတစ်ဦးဟာ၂၀၁၇ခုနှစ်တုန်းကဘရက်ဖို့ဒ်နှင့်ပွဲမှာသေးပေါက်ခဲ့လိုအနီကတ်ပြသခြင်းခံခဲ့ရဖူးသလိုစက်တင်ဘာလတုန်းကအင်ဖ်အေဖလားပွဲတွင်လည်းဂိုးသမားတစ်ဦးဟာသေးပေါက်ခဲ့လို့အရေးယူခြင်းခံခဲ့ရဖူပါတယ်။
ချဲလ်ဆီးနည်းပြဟောင်းမူရီစီယိုဆာရီဟာလည်းဖီယင်နုနှင့်ယူရိုပါလိဂ်ပွဲစဉ်တွင်ဖီယင်နုပရိသတ်များရဲ့သေးထည့်ပေါက်ထားတဲ့ပုလင်းဖြင့်ပစ်ပေါက်ခံခဲ့ရဖူးပါတယ်။
ZawGyi
လူစားဝင္ေရာက္ ကစားရန္ ျပင္ေနစဥ္ ကြင္းအတြင္း ေသးေပါက္မႈေၾကာင့္ အနီကတ္ျပသခံခဲ့ရတဲ့ ဂ်ဴဗင္တပ္စတားေဟာင္း
ဂ်ဴဗင္တပ္စတားေဟာင္းတစ္ဦးဟာလူစားဝင္ေရာက္မကစားမီ ကြင္းအတြင္းေသးေပါက္မႈေၾကာင့္အနီကတ္ျပသျခင္းခံခဲ့ရပါတယ္။
ဒါေပမဲ့သူ႔နည္းျပကေတာ့သူ႔ကစားသမားမွာမည္သူ႔ကိုမွ်ထိခိုက္နစ္နာေအာင္ျပဳလုပ္ျခင္းမရွိရာအနီကတ္မျပသသင့္ေၾကာင္းဆိုသြားပါတယ္။
အသက္၂၅ႏွစ္ရွိခရစၥတီယန္ဘူနီႏိုဟာဂ်ဴဗင္တပ္တြင္သုံးႏွစ္ၾကာကစားစဥ္အတြင္းတခ်ိန္မွာစတားတစ္ဦးျဖစ္လာမဲ့သူအျဖစ္သတ္မွတ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။
ယခုအခါသူဟာစီးရီးစီကလပ္လက္ကိုတြင္ကစားေနပါတယ္။သူဟာပီယန္စင္ဇာႏွင့္ဂိုးမရွိသေရက်တဲ့ပြဲစဥ္တြင္ေျခစြမ္းျပကစားရန္ေမွ်ာ္လင့္ထားခဲ့ေပမဲ့လည္းကြင္းအတြင္းမဝင္ေရာက္မီမွာပင္အနီကတ္ျပသျခင္းခံခဲ့ရပါတယ္။
သူဟာပြဲၿပီးရန္မိနစ္၂၀ဝန္းက်င္ခန႔္အလိုတြင္ လူစားဝင္ေရာက္ရန္ျပင္ေနစဥ္မေအာင့္ႏိုင္မအီးႏိုင္ျဖစ္လာခဲ့ၿပီးေနာက္ကြင္းေဘးနားတြင္ပင္ေသးေပါက္ခဲ့ပါတယ္။
သူဟာပုန္းခ်ိဳးကြယ္ခ်ိဳးလုပ္ေပမဲ့လည္းလက္ေထာက္ဒိုင္လူႀကီးကသိရွိသြားၿပီးေနာက္ကြင္းအတြင္းဝင္ေရာက္ခ်ိန္တြင္ခ်က္ခ်င္းပင္အနီကတ္ျပသျခင္းခံခဲ့ရပါတယ္။
နည္းျပဖိုခ်ီကေတာ့ဘူနီႏိုကိုအမ်ားဆုံးအဝါကတ္သာျပသသင့္ေၾကာင္းဆိုသြားပါတယ္။
တကယ္ေတာ့ကြင္းအတြင္းေဘာလုံးသမားေတြေသးေပါက္တာထူးဆန္တဲ့ျဖစ္ရပ္ေတာ့မဟုတ္ပါဘူး။ဆဲလ္ဖို႔ဒ္ဂိုးသမားတစ္ဦးဟာ၂၀၁၇ခုႏွစ္တုန္းကဘရက္ဖို႔ဒ္ႏွင့္ပြဲမွာေသးေပါက္ခဲ့လိုအနီကတ္ျပသျခင္းခံခဲ့ရဖူးသလိုစက္တင္ဘာလတုန္းကအင္ဖ္ေအဖလားပြဲတြင္လည္းဂိုးသမားတစ္ဦးဟာေသးေပါက္ခဲ့လို႔အေရးယူျခင္းခံခဲ့ရဖူပါတယ္။
ခ်ဲလ္ဆီးနည္းျပေဟာင္းမူရီစီယိုဆာရီဟာလည္းဖီယင္ႏုႏွင့္ယူ႐ိုပါလိဂ္ပြဲစဥ္တြင္ဖီယင္ႏုပရိသတ္မ်ားရဲ႕ေသးထည့္ေပါက္ထားတဲ့ပုလင္းျဖင့္ပစ္ေပါက္ခံခဲ့ရဖူးပါတယ္။