အရှေ့လန်ဒန်မှာဂိုးမိုးရွာမယ်
သောကြာည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၁၈ ပွဲကြိုသုံးသပ်ချက်
၀က်စ်ဟမ်း နှင့် ဘရန့်ဖို့ဒ်(ည ၂း၁၅)(စိုင်းကို တောင်ကြီး)
လိဂ်နောက်ဆုံး ၄ ပွဲဆက်အရှုံးကြောင့်ဟမ်းမားတွေဟာတန်းဆင်းဇုန်နဲ့ ၁ မှတ်သာကွာပါတော့တယ်။ပြိုင်ပွဲစုံနောက်ဆုံး ၆ ပွဲမှာ ၅ ပွဲမြောက်ရှုံးခဲ့တာဖြစ်လို့လည်းမိုယက်စ်အပေါ် ဖိအားတွေကပုံကျလာခဲ့တာပါ။ပျားတွေကတော့ဘောက်ဆင်ဒေးတုန်းကစပါးကို ၂ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့တဲ့အခွင့်အရေးကို အနိုင်အဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။
သောမတ်စ်ဖရန့်ရဲ့အသင်းဟာပရီးမီးယားလိဂ်မှာနောက်ဆုံး ၄ ပွဲဆက်မရှုံးခဲ့ဘူးဆိုပေမယ့် ၁ ပွဲသာနိုင်ခဲ့ပြီး ၃ ပွဲတောင်သရေကျခဲ့တာပါ။ဒါ့အပြင်နှစ်သင်းစလုံးကလည်းလတ်တလောမှာပေးဂိုးများနေကြတာပါ။အရှေ့လန်ဒန်မှာဂိုးမိုးရွာရန်ရွာနှုန်း ၈၀ ရှိပါတယ်။
zawgyi