
ဗုဒ္ဓဟူးည လာလီဂါ(ပွဲကျန်) ပွဲကြိုသုံးသပ်ချက်
ဘက်တစ် နှင့် ဘာစီလိုနာ(ည ၂း၃၀)(ဆရာစော)
ဇန်နဝါရီအစောပိုင်းဆော်ဒီကစူပါဖလားတွေ့ဆုံမှုတုန်းကတော့ဘာစီလိုနာဟာဘက်တစ်ကို မိနစ် ၉၀ အတွင်းမနိုင်ခဲ့ဘဲပင်နယ်တီရောက်မှသာနိုင်ခဲ့တာပါ။ဒါပေမဲ့လက်ရှိဘက်တစ်ကအိမ်ကွင်းပွဲတွေမှာနိုင်ပွဲပျောက်နေတာ ၃ ပွဲဆက်ရှိနေပြီဖြစ်သလိုအဲဒီထဲမှာအက်သလက်တီကိုကိုရှုံးခဲ့တဲ့ပွဲလည်းပါ၀င်ပါတယ်။
လီ၀န်ဒေါစကီးပွဲပယ်စေ့သွားပြီမို့ဘာစီလိုနာတိုက်စစ်ကပိုကောင်းလာဖို့ရှိနေသလို ဇာဗီရဲ့အသင်းဟာပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲစလုံးမှာလည်းပေးဂိုးမရှိခဲ့လို့ ခံစစ်ပိုင်းအကောင်းဆုံးပုံစံလည်း ရှိနေတာပါ။၅ မှတ်ဖြတ်ဦးဆောင်နေမှုကို ဆက်ထိန်းမယ့်ဧည့်သည်ပရိသတ်လုပ်မယ်။
zawgyi
ဘာစီလိုနာဆက်ထိန်းမယ့် ၅ မှတ်ဖြတ်ဦးဆောင်နေမှု