သြစတြေးလျကသာ ပျော်ရွှင်မှုပေးနိုင်မှာ

စနေည ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်

တူနီးရှား နှင့် သြစတြေးလျ(ညနေ ၄း၃၀)(မော်ကွန်း)

ဥရောပအသင်းကောင်းတစ်သင်းဖြစ်တဲ့ဒိန်းမတ်ကိုသရေကန်နိုင်ခဲ့လို့တူနီးရှားဟာအဖွင့်မဆိုးခဲ့ပါဘူး။၁၉၇၈နောက်ပိုင်းကမ္ဘာ့ဖလားမှာသူတို့အတွက် ပထမဆုံးပေးဂိုးမဲ့ပွဲဖြစ်ခဲ့ပါတယ်။သြစတြေးလျကတော့လက်ရှိချန်ပီယံနဲ့အဖွင့်မှာဦးဆောင်ဂိုးစသွင်းနိုင်ခဲ့ပေမယ့်ဂိုးပြတ်အရှုံးနဲ့သာအဆုံးသတ်ခဲ့ရတာပါ။

ဒါပေမဲ့ သြစတြေးလျဟာ ကမ္ဘာ့ဖလားမှာ အာဖရိကအသင်းတွေကို မရှုံးဖူးသေးပါဘူး။တူနီးရှားကတော့ သူတို့ရဲ့နောက်ဆုံးကမ္ဘာ့ဖလား ၁၅ ပွဲမှာ ၁ ပွဲသာနိုင်ခဲ့ပါတယ်။ရှုံးပွဲမဆက်အောင် ရုန်းလာမယ့် သြစတြေးလျကသာ ပျော်ရွှင်မှုပေးနိုင်မှာပါ။

zawgyi




