
စနေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၂ ပွဲကြိုသုံးသပ်ချက်
အဲဗာတန် နှင့် အာဆင်နယ်(ည ရး၀၀)(စိုင်းကိုတောင်ကြီး)
မာဆေးဆိုဒ်အသင်းကိုကယ်တင်ဖို့ ရောက်လာတဲ့ရှောင်ဒိုင်ချီဟာအဲဗာတန်နည်းပြဘ၀ပထမဆုံးပွဲမှာဇယားထိပ်ကဂန်းနားတို့ကို ဧည့်ခံရတာပါ။ဂေါ်ဒွန်ကိုလက်လွှတ်ခဲ့ရတဲ့အပြင်ဇန်နဝါရီမှာတစ်ယောက်တစ်လေမှမခေါ်နိုင်ခဲ့လို့ တော်ဖီတို့ဟာဘဝဆိုးနေပါတယ်။တစ်ပွဲလျော့အပြင် ၅ မှတ်ဖြတ်ဦးဆောင်နေတဲ့ဂန်းနားတို့ကတော့နောက်ဆုံးပရီးမီးယားလိဂ် ၈ ပွဲမှာ ၇ ပွဲနိုင်ထားတာပါ။
အာတီတာရဲ့အသင်းဟာအိမ်ကွင်းသာတိုက်စစ်အစွမ်းကုန်ဖွင့်ပေမယ့်အဝေးကွင်းဆိုရင်တော့ဦးဆောင်းဂိုးသွင်းထားရင်အနိုင်ရလဒ်ကိုထိန်းတတ်ပါတယ်။ရှောင်ဒိုင်ချီကလည်းသူ့ပွဲဦးထွက်မှာအနည်းဆုံးမရှုံးရအောင်ခံစစ်ဗျူဟာအခိုင်အမာချလာမှာပါ။ဂွတ်ဒီဆင်ပါ့ခ်ဟာဂိုးနည်းကန္တာရအသွင် ပြောင်းသွားမှာပါ။
zawgyi