ချဲလ်ဆီးနှင့်ယူနိုက်တက်တို့ရဲ့ကစားသမားလုပ်ခအသုံးပြုမှုရဲ့တစ်ဝက်မျှသာအသုံးပြုခဲ့တဲ့အာဆင်နယ်

အာဆင်နယ်ဟာချဲလ်ဆီးနှင့်မန်ချက်စတာယူနိုက်တက်တို့ရဲ့ကစားသမားလုပ်ခအသုံးပြုမှုရဲ့တစ်ဝက်မျှသာအသုံးပြုပေမဲ့လည်းယခုရာသီတွင်ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်ထားနိုင်ကာချန်ပီယံဖြစ်ရန်အခြေအနေကောင်းနေပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်နေပြီးဒုတိယနေရာမှမန်စီးတီးကိုရမှတ်၅မှတ်ဖြတ်ထားနိုင်ပါတယ်။

မီခေးလ်အာတီတာရဲ့အသင်းဟာအဆင့်၃နေရာမှအဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ကို၁၆မှတ်အထိဖြတ်ထားနိုင်ပါတယ်။

ဒါပေမဲ့အာဆင်နယ်ဟာလုပ်ခအသုံးပြုမှုပေါင်၉၇.၈၇၈သန်းသာရှိပါတယ်။

ချဲလ်ဆီးကပေါင်၂၁၂.၀၉၀သန်းဖြင့်ပရီးမီးယားလိဂ်တွင်လုပ်ခအများဆုံးအသုံးပြုတဲ့အသင်းအဖြစ်ရပ်တည်နေပြီးယူနိုက်တက်ကပေါင်၂၁၁.၈၇၅ သန်းဖြင့်ဒုတိယနေရာမှာရပ်တည်နေပါတယ်။

လက်ရှိချန်ပီယံမန်စီးတီးကပေါင်၁၈၂.၆၄၀သန်းဖြင့်တတိယနေရာမှာရပ်တည်နေပြီးလီဗာပူးကပေါင်၁၅၈.၇၈၈သန်းဖြင့်စတုတ္ထ၊စပါးစ်ကပေါင်သန်း ၁၁၀.၄၃၈သန်းဖြင့်ပဥ္စမအဆင့်နေရာတို့မှာအသီးသီးရပ်တည်နေပါတယ်။

ပရီးမီးယားလိဂ်တွင်လုပ်ခအနည်းဆုံးအသုံးပြုတဲ့အသင်းမှာဘရန့်ဖို့ဒ်အသင်းဖြစ်ပြီးတစ်နှစ်အသုံးစရိတ်ပေါင်၃၀.၁၇၀သန်းတည်းသာရှိတာအံ့ဩသင့်ဖွယ်တွေ့ရပါတယ်။၎င်းတို့ဟာအသုံးစရိတ်အလွန်နည်းပါးပေမဲ့လည်းပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၈နေရာမှာရပ်တည်ထားနိုင်တာတွေ့ရပါတယ်။

ZawGyi

ပရီးမီးယားလိဂ္တြင္ လုပ္ခအမ်ားဆုံးအသုံးျပဳတဲ့အသင္းအျဖစ္ ခ်ဲလ္ဆီးရပ္တည္။ ယူႏိုက္တက္အသုံးစရိတ္မွာ အာဆင္နယ္ထက္ ႏွစ္ဆပိုမ်ားေန

အာဆင္နယ္ဟာခ်ဲလ္ဆီးႏွင့္မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ကစားသမားလုပ္ခအသုံးျပဳမႈရဲ႕တစ္ဝက္မွ်သာအသုံးျပဳေပမဲ့လည္းယခုရာသီတြင္ပရီးမီးယားလိဂ္အမွတ္ေပးဇယားကိုဦးေဆာင္ထားႏိုင္ကာခ်န္ပီယံျဖစ္ရန္အေျခအေနေကာင္းေနပါတယ္။

အာဆင္နယ္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားကိုဦးေဆာင္ေနၿပီးဒုတိယေနရာမွမန္စီးတီးကိုရမွတ္၅မွတ္ျဖတ္ထားႏိုင္ပါတယ္။

မီေခးလ္အာတီတာရဲ႕အသင္းဟာအဆင့္၃ေနရာမွအဲရစ္တန္ဟက္ရဲ႕ယူႏိုက္တက္ကို၁၆မွတ္အထိျဖတ္ထားႏိုင္ပါတယ္။

ဒါေပမဲ့အာဆင္နယ္ဟာလုပ္ခအသုံးျပဳမႈေပါင္၉၇.၈၇၈သန္းသာရွိပါတယ္။

ခ်ဲလ္ဆီးကေပါင္၂၁၂.၀၉၀သန္းျဖင့္ပရီးမီးယားလိဂ္တြင္လုပ္ခအမ်ားဆုံးအသုံးျပဳတဲ့အသင္းအျဖစ္ရပ္တည္ေနၿပီးယူႏိုက္တက္ကေပါင္၂၁၁.၈၇၅သန္းျဖင့္ဒုတိယေနရာမွာရပ္တည္ေနပါတယ္။

လက္ရွိခ်န္ပီယံမန္စီးတီးကေပါင္၁၈၂.၆၄၀သန္းျဖင့္တတိယေနရာမွာရပ္တည္ေနၿပီးလီဗာပူးကေပါင္၁၅၈.၇၈၈သန္းျဖင့္စတုတၳ၊စပါးစ္ကေပါင္သန္း၁၁၀.၄၃၈သန္းျဖင့္ပၪၥမအဆင့္ေနရာတို႔မွာအသီးသီးရပ္တည္ေနပါတယ္။

ပရီးမီးယားလိဂ္တြင္လုပ္ခအနည္းဆုံးအသုံးျပဳတဲ့အသင္းမွာဘရန႔္ဖို႔ဒ္အသင္းျဖစ္ၿပီးတစ္ႏွစ္အသုံးစရိတ္ေပါင္၃၀.၁၇၀သန္းတည္းသာရွိတာအံ့ဩသင့္ဖြယ္ေတြ႕ရပါတယ္။၎တို႔ဟာအသုံးစရိတ္အလြန္နည္းပါးေပမဲ့လည္းပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၈ေနရာမွာရပ္တည္ထားႏိုင္တာေတြ႕ရပါတယ္။