အမ်ဘက်ပီနဲ့ဂီရော့ဒ်တို့ပြင်သစ်တိုက်စစ်အနိမ့်ဆုံး ၂ ဂိုးပြတ်သင့်တဲ့ပွဲ

အင်္ဂါည ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်

ပြင်သစ် နှင့် သြစတြေးလျ(ည ၁း၃၀)(မော်ကွန်း)

ချန်ပီယံဆုကာကွယ်ရမယ့်ပြင်သစ်ဟာပြိုင်ပွဲမတိုင်ခင်မှာပဲဒဏ်ရာပြသနာထိုးနှက်ချက်များစွာနဲ့ ကြုံခဲ့ရပါတယ်။ဒါပေမဲ့လည်းနည်းပြဒက်စ်ချမ့်ရဲ့အ သင်းဟာစာရွက်ပေါ်ကလူစာရင်းအရတော့တောင့်တင်းနေဆဲပါ။သြစတြေးလျကတော့ကမ္ဘာ့ဖလားမှာနောက်ဆုံး ၄ ကြိမ်ဆက်ပါနိုင်ခဲ့ပေမယ့်အုပ်စုက ကျော်နိုင်ခဲ့တာ ၂၀၀၆ က တစ်ကြိမ်သာရှိခဲ့ပါတယ်။

ဒါ့အပြင်သြစတြေးလျဟာသူတို့ရဲ့နောက်ဆုံးကမ္ဘာ့ဖလား ၆ ပွဲမှာလည်း ၅ ပွဲရှုံးထားတာပါ။လက်ရှိသြစတြေးလျဟာလူစာရင်းအရအတော်အားနည်းလှသလိုနောက်ဆုံးအကြိမ်ရုရှားကမ္ဘာ့ဖလားတုန်းကလည်း open play ကနေဂိုးမသွင်းနိုင်ခဲ့ပါဘူး။အမ်ဘက်ပီနဲ့ဂီရော့ဒ်တို့ပြင်သစ်တိုက်စစ်အနိမ့်ဆုံး ၂ ဂိုးပြတ်သင့်တဲ့ပွဲပါ။

zawgyi




