Al Nassr အတွက်ဖရီးကစ်ကနေဂိုးသွင်းခဲ့တဲ့ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာAl Nassr အတွက်ဖရီးကစ်ကနေဂိုးသွင်းယူပြီးနောက် ဖရီးကစ်ဂိုးသွင်းနိုင်ဆဲဖြစ်ကြောင်းတစ်ကမ္ဘာလုံးမှာလူများကိုအသိပေးလာပါတယ်။

စနေနေ့တုန်းကခရစ္စတီယာနိုရော်နယ်ဒိုရဲ့Al Nassr ဟာဆော်ဒီပရော်ဖက်ရှင်နယ်လိဂ်ပွဲစဉ်အဖြစ်Abha နှင့်ရင်ဆိုင်ကစားခဲ့ရပါတယ်။

Al Nassr ဟာပွဲချိန်၂၆မိနစ်တွင်ဖာတာအဒမ်ကဦးဆောင်ဂိုးသွင်းယူလိုက်မှုကြောင့်နောက်ကနေလိုက်ကစားခဲ့ရပါတယ်။

ဒါပေမဲ့ဒုတိယပိုင်းမှာတော့Al Nassr ဟာချေပဂိုးနှင့်အနိုင်ဂိုးရယူနိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပွဲချိန်၇၈မိနစ်မှာဖရီးကစ်ကိုတိုက်ရိုက်ကန်သွင်းပြီး Al Nassr အတွက်ချေပဂိုးသွင်းယူခဲ့ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာ၃၅ကိုက်နှင့်အထက်အကွာအဝေးမှဖရီးကစ်ကိုကန်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ယင်းနောက်ပွဲပြီးရန်၆မိနစ်အလိုတွင်တာလစ်ကာကပင်နယ်တီကနေ Al Nassr အတွက်အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

Al Nassr ဟာယင်းနိုင်ပွဲကြောင့်ထိပ်ဆုံးမှ Al lttihad ကိုတစ်မှတ်အကွာနဲ့နောက်ကဆက်လက်ဖိအားပေးထားနိုင်ခဲ့ပါတယ်။

ZawGyi

Al Nassr အတြက္ ဖရီးကစ္ကေန ဂိုးသြင္းခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာAl Nassr အတြက္ဖရီးကစ္ကေနဂိုးသြင္းယူၿပီးေနာက္ ဖရီးကစ္ဂိုးသြင္းႏိုင္ဆဲျဖစ္ေၾကာင္းတစ္ကမာၻလုံးမွာလူမ်ားကိုအသိေပးလာပါတယ္။

စေနေန႔တုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕Al Nassr ဟာေဆာ္ဒီပေရာ္ဖက္ရွင္နယ္လိဂ္ပြဲစဥ္အျဖစ္Abha ႏွင့္ရင္ဆိုင္ကစားခဲ့ရပါတယ္။

Al Nassr ဟာပြဲခ်ိန္၂၆မိနစ္တြင္ဖာတာအဒမ္ကဦးေဆာင္ဂိုးသြင္းယူလိုက္မႈေၾကာင့္ေနာက္ကေနလိုက္ကစားခဲ့ရပါတယ္။

ဒါေပမဲ့ဒုတိယပိုင္းမွာေတာ့Al Nassr ဟာေခ်ပဂိုးႏွင့္အႏိုင္ဂိုးရယူႏိုင္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပြဲခ်ိန္၇၈မိနစ္မွာဖရီးကစ္ကိုတိုက္႐ိုက္ကန္သြင္းၿပီး Al Nassr အတြက္ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၃၅ကိုက္ႏွင့္အထက္အကြာအေဝးမွဖရီးကစ္ကိုကန္သြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

ယင္းေနာက္ပြဲၿပီးရန္၆မိနစ္အလိုတြင္တာလစ္ကာကပင္နယ္တီကေန Al Nassr အတြက္အႏိုင္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

Al Nassr ဟာယင္းႏိုင္ပြဲေၾကာင့္ထိပ္ဆုံးမွ Al lttihad ကိုတစ္မွတ္အကြာနဲ႔ေနာက္ကဆက္လက္ဖိအားေပးထားႏိုင္ခဲ့ပါတယ္။